Connect with us

Asia

ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်က ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှုကို မြှင့်တင်ပေးလျက်ရှိကြောင်း ကျွမ်းကျင်သူများက ဆို

ပါကစ္စတန်နိုင်ငံရှိ Karakorum အဝေးပြေးလမ်းမကြီး၏ အဝေးပြေးလမ်းပိုင်း အဆင့် ၂ တည်ဆောက်မှုအား ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) သည် မျှတမှု၊ အပေးအယူရှိမှုနှင့် အပြန်အလှန် အကျိုးကျေးဇူးရှိမှု စည်းမျဉ်းများအပေါ် အခြေခံထားခြင်းဖြစ်ပြီး ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှု မြှင့်တင်ခြင်းဖြင့် ရှေ့ဆက်နည်းလမ်းတစ်ခုလည်း ဖြစ်ကြောင်း နိုင်ငံ ၈ နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ဇူလိုင် ၈ ရက်တွင် ပြုလုပ်သည့် ဗီဒီယိုကွန်ဖရင့်၌ ပြောကြားခဲ့သည်။ 

ပါကစ္စတန်နိုင်ငံ Think tank ပညာရှင်အဖွဲ့တစ်ခုဖြစ်သော ပါကစ္စတန်-တရုတ်အဖွဲ့ (PCI) က ကြီးမှူးကျင်းပသည့် အွန်လိုင်းဆွေးနွေးပွဲသို့ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ တရုတ်၊ နီပေါ၊ ကာဇက်စတန်၊ မြန်မာနှင့် သီရိလင်္ကာ စသည့်နိုင်ငံများမှ ပါဝင်ဆွေးနွေးသူများ တက်ရောက်ခဲ့ကြသည်။ 

ပါကစ္စတန်နိုင်ငံ အထက်လွှတ်တော်  အမြဲတမ်းကော်မတီ နိုင်ငံခြားရေးရာ ဥက္ကဋ္ဌ၊ PCI အကြီးအကဲ Mushahid Hussain Syed က BRI သည် ၂၁ ရာစု၏ အကြီးဆုံးနှင့် အရေးပါဆုံး ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက်အဖြစ် သတ်မှတ်ခဲ့သည်။ “BRI ရဲ့ အထင်ကရဖြစ်တဲ့ CPEC (တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ) က အောင်မြင်တဲ့ အကြောင်းအရာတစ်ခုဖြစ်ခဲ့သလို ဒုတိယအဆင့်သို့ အောင်မြင်စွာ ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံတွေကလည်း လျာထားတဲ့အတိုင်း ပြီးပြည့်စုံခဲ့ပြီး BRI စီမံကိန်းတွေမှာ ပါကစ္စတန်နိုင်ငံသား ၇၅,၀၀၀ အလုပ်အကိုင် ရရှိခဲ့ပြီး ပါကစ္စတန် ကျောင်းသား ၂၈,၀၀၀ ဦးလည်း တရုတ်နိုင်ငံမှာ ပညာသင်ကြားလျက်ရှိတယ်” ဟု Hussain က ဆိုသည်။ 

၎င်းက COVID-19 ကပ်ရောဂါကာလအတွင်း တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံအား ထောက်ပံ့ပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍနှင့် ထောက်ပံ့မှုအပေါ် ကျေးဇူးတင်ကြောင်း ပါကစ္စတန်လွှတ်တော်တွင် ဖေဖော်ဝါရီ ၁၂ ရက်နှင့် မေ ၁၄ ရက်၌ အသီးသီးအတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်နှစ်ခုကို ရည်ညွှန်းပြောကြားခဲ့သည်။ 

ဆွေးနွေးပွဲတက်ရောက်သူများက ကွန်ရက်ချိတ်ဆက်မှု ထောက်ပံ့ခြင်းကို မီးမောင်းထိုးပြခဲ့ပြီး ယင်းအဆိုပြုချက်က အာဖဂန်နစ္စတန်နှင့် နီပေါကဲ့သို့ ကုန်းတွင်းပိတ်နိုင်ငံများအား ကုန်းတွင်းချိတ်ဆက်နိုင်ငံများဖြစ်လာစေခဲ့ပြီး ကြီးမားသောဈေးကွက်သို့ ဝင်ရောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပါကစ္စတန်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ၏ ဖြစ်ရပ်များအရ “အကြွေးထောင်ချောက်” ဟု အမည်တပ်ခြင်းကို ပယ်ချခဲ့ပြီး တရုတ်နိုင်ငံမှ စုစုပေါင်း ကြွေးမြီမှာ အခြားနိုင်ငံများ သို့မဟုတ် နိုင်ငံစုံအဖွဲ့အစည်းများအား ချေးပေးသည်ထက် အလွန်နည်းပါးသော ရာခိုင်နှုန်းဖြစ်ကြောင်း ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်သည့် PCI ၏ ထုတ်ပြန်ချက်အရ သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.