Connect with us

Asia

စင်ကာပူ နိုင်ငံ သမ္မတမှ လွှတ်တော်ကို ဖျက်သိမ်းပြီး စက်တင်ဘာ ၁၁ ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပ သွားရန် ကြေညာ

စင်္ကာပူ နိုင်ငံ ဝန်ကြီးချုပ် Lee Hsien Loong (ဆင်ဟွာ)

စင်ကာပူ ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

စင်ကာပူ သမ္မတ Tony Tan Keng Yam မှ သြဂုတ်လ ၂၅ ရက် ဒေသ စံတော်ချိန် နေ့လယ် ၄ နာရီတွင် လွှတ်တော်ကို ဖျက်သိမ်း၍ အထွေထွေ ရွေးကောက်ပွဲ အား စက်တင်ဘာ ၁၁ ရက်နေ့တွင် ကျင်းပရန် ကြေညာချက် အား ထုတ်ပြန်ခဲ့သည်။

အထွေထွေ ရွေးကောက်ပွဲ အတွက် အမည်စာရင်း ပေးသွင်းရန် စင်တင်ဘာ ၁ ရက်နေ့အား ရက်သတ်မှတ် ခဲ့ပြီး ဒေသ အလိုက် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း များကို ၎င်းနေ့ ဒေသ စံတော်ချိန် နေ့လည် ၁၁ နာရီမှ ၁၂ အတွင်း ကြေညာ သွားမည် ဖြစ်သည်။

၁၃ ကြိမ်မြောက် လွှတ်တော် ရွေးကောက်ပွဲကို မဲဆန္ဒနယ် ၉ ခုတွင် ရွေးကောက်ပွဲ ကျင်းပ မည်ဖြစ်ပြီး ယခု ရွေးကောက်ပွဲအား ပထမ ဆုံးအကြိမ် အဖြစ် ရုံးဖွင့်ရက်ဖြစ်သည့် သောကြာနေ့တွင် ကျင်းပခြင်း ဖြစ်ပြီး ထို့နေ့ကိုလည်း အားလပ်ရက် အဖြစ် ကြေညာ ခဲ့သည်။

ယနေ့ နေ့လည် ၃ နာရီခန့်တွင် စင်ကာပူ သမ္မတ Tony Tan Keng Yam မှ စင်ကာပူ နိုင်ငံ ဝန်ကြီးချုပ် Lee Hsien Loong ၏ အကြံပြုချက်ဖြင့် လွှတ်တော်ကို ဖျက်သိမ်း လိုက်ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် အမတ် ၈၉ နေရာ အတွက် သီးခြား ဒေသ ၁၃ ခု နှင့် စုပေါင်း ဒေသ ၁၆ ခု တို့မှ ရွေးချယ်မည် ဖြစ်ပြီး မဲပေးသူပေါင်း ၂.၄၆ သန်းရှိကာ ယခင်အကြိမ် ရွေးကောက်ပွဲ ထက် မဲပေးနိုင်သူ ဦးရေ ၄.၇ ရာခိုင်နှုန်း တိုးမြင့်လာ ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.