Connect with us

Asia

ဂျပန်နိုင်ငံရှိ အမေရိကန် စစ်တပ်ပိုင် ဂိုဒေါင် ပေါက်ကွဲမှုဖြစ်

ဂျပန်နိုင်ငံ တိုကျိုမြို့အနီးရှိ အမေရိကန် စစ်တပ်ပိုင် ဂိုဒေါင်တစ်ခု ပေါက်ကွဲမှု အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့အနီးရှိ အမေရိကန် စစ်တပ်ပိုင် ဂိုဒေါင်တစ်ခု တနင်္လာနေ့ အစောပိုင်းက ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူတော့ မရှိသေးကြောင်း ဂျပန် မီဒီယာများက ဖော်ပြထားသည်။

ယင်း မတော်တဆမှုသည် သြဂုတ်လ ၂၄ ရက် တနင်္လာနေ့ နံနက် ဝး၄၅ နာရီတွင် ဂျပန်နိုင်ငံ ကန်နာ ဂါဝါနယ် ရှိ ဆာဂါမီဟာရာ အခြေစိုက် အမေရိကန် စစ်တပ်ပိုင် ဂိုဒေါင်မှာ မီးလောင်ာပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မီးသတ်သမားများ အဆိုအရ သတ္တုတိုင်ကီ အချို့ကြောင့် ပေါက်ကွဲရခြင်း ဖြစ်ကြောင်း သိရသည်။

ဝါရှင်တန်ရှိ ပင်တဂွန် ဋ္ဌာနချုပ်ကလည်း ပေါက်ကွဲမှုနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ထားရာတွင် မီးသတ်သမားများ နှင့် တာဝန်ရှိသူများသည် အနီးဝန်းကျင်ရှိ အဆောက်အဦများသို့ မီးကူးစက် လောင်ကျွမ်းမှု မရှိစေရန် ကာကွယ်ထားကြောင်း၊ ပေါက်ကွဲမှု၌ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဖော်ပြထားပါသည်။

အမေရိကန် စစ်တပ်ဘက်က ဓာတ်တိုး ပစ္စည်းအချို့ လောင်ကျွမ်းမှု ရှိခဲ့ကြောင်း နှင့် မတော်တဆမှု ဖြစ်ပွားရသော အကြောင်းအရင်းကို ဆက်ပြီး စုံစမ်းသွားမည်ဟု ဂျပန် အာဏာပိုင်များအား အသိပေးထားကြောင်း သတင်းများ အရသိရသည်။

ဧပြီလတုန်းကလည်း ထိုနေရာ အနီးတွင် ပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့ပြီး ဂျပန် လက်ဝဲ အစွန်းရောက် သမားများ၏ လုပ်ရပ်ဖြစ်နိုင်ကြောင်း ရဲများက သံသယ ရှိနေပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.