Asia
စင်ကာပူ သမ္မတ ကမ္ဘောဒီးယားသို့ သွားမည်
ဖနွမ်းပင်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)
စင်ကာပူ သမ္မတ တိုနီတန်ကန်ယမ် (Tony Tan Keng Yam) သည် ဇန်နဝါရီလ ၈ ရက်မှ ၁၁ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော် ခရီးစဉ်အဖြစ် သွားရောက်မည် ဖြစ်ပြီး သဘောတူစာချုပ် နှစ်ခု လက်မှတ်ရေးထိုးရန်ရှိကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဇန်နဝါရီလ ၄ ရက်က ပြောကြားလိုက်သည်။
ခရီးစဉ်အတွင်း ကမ္ဘောဒီးယား ဘုရင် Norodom Sihamoni နှင့် ဘုရင့်မယ်တော် Norodom Monineath တို့နှင့် တော်ဝင်နန်းတော်တွင် သီးခြားစီ တွေ့ဆုံမည် ဖြစ်ကြောင်း ဝန်ကြီးဋ္ဌာနက ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
သဘောတူစာချုပ် နှစ်ခုအား လက်မှတ်မရေးထိုးမီ စင်ကာပူ သမ္မတသည် ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှင့် ဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်သည်။
နည်းပညာနှင့် သက်မွေးဝမ်းကျောင်း သင်တန်း လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာနှင့် ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတို့အား လက်မှတ်ရေးထိုးမည် ဖြစ်သည်။
ထို့ပြင် တန်သည် ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ဘက် Siem Reap ပြည်နယ်ရှိ နာမည်ကျော် အန်းကော ရှေးဟောင်းသုတေသန ဥယျာဉ်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)