Connect with us

Asia

ဆီးရီးယား အစိုးရ က အချုပ်သား ၆၇၂ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့

ဆီးရီးယား နိုင်ငံ အလံ ဖြင့် အောင်ပွဲခံနေသူ တစ်ဦးအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ် ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ဆီးရီးယား အစိုးရ က တိုင်းရင်းသားလူမျိုးအကြား ပိုမို သင့်မြတ်စေရန် အတွက် ဆီးရီးယား နိုင်ငံ အတွင်းရှိ အချုပ်သား ၆၇၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ ဆီးရီးယား နိုင်ငံ ဥပဒေရေးရာဌာန ဝန်ကြီး က ယခု လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့သည့် အချုပ်သား ၆၇၂ ဦးသည် ဆီးရီးယား နိုင်ငံ ဒေသ အသီးသီး မှ ဖြစ်ကြပြီး ၎င်းတို့အနက် အမျိုးသမီး ၉၁ ဦး ပါဝင်ကြောင်း ၊ ယခုကဲ့သို့ အချုပ်သားများကို လွှတ်ခဲ့ခြင်းသည် ပြည်သူလူထုအား ဂရုဏာ ထားခြင်း နှင့် တိုင်းရင်းသားလူမျိုးအကြား ပိုမို သင့်မြတ်စေလိုခြင်းကြောင့် ဖြစ်ကြောင်း ၊ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများအနေဖြင့် နိုင်ငံ တည်ဆောက်ရေး တွင် တက်ကြွစွာ ပါဝင်သွားစေလိုကြောင်း ပြောကြား ခဲ့သည်ဟု သိရှိရသည်။

ဆီးရီးယား နိုင်ငံ အစိုးရ အတိုက်အခံ ပါတီ က ဆီးရီးယား ပြည်တွင်းစစ် ဖြစ်ပွားချိန်မှ စတင်၍ အစိုးရ အနေဖြင့် ထောင်သောင်းချီသော ဆီးရီးယား နိုင်ငံသား များကို ဖမ်းဆီး ခဲ့ကြောင်း နှင့် ပြန်လည် လွတ်မြောက်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ ယခုနှစ်ပိုင်းတွင် ဆီးရီးယား နိုင်ငံ အစိုးရ သည် တိုင်းရင်းသားလူမျိုးအကြား ပြန်လည်သင့်မြတ်ရေး အတွက် ပမာဏကြီးမားသော အချုပ်သားလွတ်ငြိမ်းချမ်းသာခွင့်ပေးမှု ကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)