Connect with us

Asia

ပါကစ္စတန်နိုင်ငံ၌ ဆီတင်ကားတိမ်းမှောက်မှုတွင် သေဆုံးသူ ၁၄ဝ ဦးထိ ရှိလာ

ပါကစ္စတန်နိုင်ငံ၌ ဇွန်လ ၂၅ ရက်တွင် ဆီတင်ကား တိမ်းမှောက်ပြီးနောက် မီးလောင်ကျွမ်းသွားသော မြင်ကွင်းအားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ် ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်၌ ယနေ့(ဇွန်လ ၂၅ ရက်) နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဆီတင်ကား တိမ်းမှောက်ပြီး မီးလောင်ကျွမ်းမှုတွင် သေဆုံးသူဦးရေမှာ အနည်းဆုံး ၁၄ဝ ဦး နှင့် ဒဏ်ရာရသူ ၁၂ဝ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာ နိုင်ငံရေးသမားတစ်ဦးက ဆိုသည်။

ဆီတင်ကားတိမ်းမှောက်မှုဖြစ်ပွားရာ Bahawalpur ခရိုင်မှ ပါကစ္စတန်နိုင်ငံ အောက်လွှတ်တော်အမတ် Makhdoom Ali Hussain က သေဆုံးသူ အရေအတွက်ကို ဒေသတွင်း မီဒီယာသို့အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117