Connect with us

Asia

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ဘရူနိုင်းနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာ

ဘရူနိုင်းနိုင်ငံသို့ နိုဝင်ဘာ ၁၈ရက်တွင် နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အားတွေ့ရစဉ် (ဆင်ဟွာ)

ဘန်ဒါဆရီဘီဂါဝမ်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘရူနိုင်းနိုင်ငံသို့ နိုဝင်ဘာ ၁၈ရက်တွင် နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ပြီး တရုတ်နိုင်ငံ ခေါင်းဆောင်တစ်ဦးအနေဖြင့် ၁၃နှစ်တာကာလအတွင်း ဘရူနိုင်းနိုင်ငံသို့ ပထမအကြိမ်လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

သမ္မတ ရှီအား ဘရူနိုင်းအကြီးတန်းအရာရှိများက လေဆိပ်၌ နွေးထွေပျူငှာစွာ ကြိုဆိုခဲ့ကြောင်းသိရသည်။

ရှီက တရုတ်နိုင်ငံ နှင့် ဘရူနိုင်းနိုင်ငံတို့သည် ပင်လယ်ပြင်ကို ဖြတ်၍ နီးကပ်သော အိမ်နီးချင်းများဖြစ်သလို နှစ်ဖက်ရင်းနှီးချစ်ကြည်စွာ နေထိုင်ခဲ့သည့် သမိုင်းကြောင်းများ ရှိသဖြင့်တစ်ဖက် နှင့် တစ်ဖက် အပြန်အလှန်ယုံကြည်ကြသော သူငယ်ချင်းကောင်း နှင့် မိတ်ဆွေကောင်းများ ဖြစ်ကြောင်းပြောကြားခဲ့သည်။

၎င်းက ဘရူနိုင်းနိုင်ငံ နှင့် သံတမန်ဆက်ဆံရေး စတင်တည်ထောင်ခဲ့သည့် ၂၇နှစ်တာကာကမှစ၍ နှစ်နိုင်ငံသည် တစ်ဖက် နှင့် တစ်ဖက် တန်းတူညီမျှ ဆက်ဆံခဲ့ကြောင်း၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုများ နက်ရှိုင်းလာပြီး၊ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အသီးသီးတွင် အသီးအပွင့်များ ခံစားခဲ့ရပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးအမြတ်များ ဖြစ်ထွန်းစေကာ ဒေသတွင်း အကျိုးစီးပွား တိုးတက်မှု နှင့် ငြိမ်းချမ်းမှုတို့အတွက် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များ ပြုလုပ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုခရီးစဉ် သည် သမ္မတ ရှီ၏ အာရှ-ပစိဖိတ် ခရီးစဉ်၏ ဒုတိယမြောက် နိုင်ငံဖြစ်ပြီး ၎င်းသည် ပါပူဝါနယူးဂီနီနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ခဲ့ကာ မြို့တော် ပေါ့မိုရက်စ်ဘီတွင်ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များအစည်းအဝေးသို့ ပစိဖိတ်ဒေသမှ နိုင်ငံ့ခေါင်းဆောင်များနှင့် အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှီသည် ဘရူနိုင်းခရီးစဉ်ပြီးနောက် ဖိလစ်ပိုင်နိုင်ငံသို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.