Connect with us

Asia

အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၄၅ ဦး အထိမြင့်တက်လာ

မုန်တိုင်းတိုက်ခတ်ပြီးနောက် ပျက်စီးယိုယွင်းမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)

Gaja ဆိုင်ကလုန်းမုန်တိုင်း ကြောင့် သေဆုံးသူဦးရေမှာ ၄၅ ဦးအထိရောက်ရှိသွားပြီဖြစ်ကြောင်း Tamil Naduပြည်နယ်ဝန်ကြီးချုပ် Edappadi Palaniswamiက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ဒေသခံအစိုးရက ကူညီကယ်ဆယ်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း ၊ လူ ၂ သိန်းကျော်ကို ကယ်ဆယ်ရေးစခန်း ၄၉၃ ခု သို့ ရွှေ့ပြောင်းထားကြောင်း The Times of India (TOI) ၏ သတင်း များအရ သိရသည်။

Gaja ဆိုင်ကလုန်းမုန်တိုင်းသည် နိုဝင်ဘာ ၁၆ ရက်က Tamil Naduပြည်နယ် ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့ရာ သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ပြီး လဲပြိုမှုများရှိသလို နေရာအနှံ့အပြားတွင် ဆက်သွယ်ရေးနှင့်လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့ကြောင်း ၊ အဆောက်အဦ ၈ သောင်းကျော် လည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.