Connect with us

Asia

တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များ အစည်းအဝေးက အာရှတိုက်အတွက် နိမိလက္ခဏာကောင်းဖြစ်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ်ပြောကြား

၈ ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များ အစည်းအဝေးပြီးနောက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (လယ်) ၊ တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

မကြာသေးမီက ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံ ခေါင်းဆောင်များ အစည်းအဝေးသည် အာရှတိုက်၏ စီးပွားရေးနှင့် တည်ငြိမ်မှုအတွက် နိမိလက္ခဏာကောင်း ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ဟို ဟွန်ဆင် (Samdech Techo Hun Sen) က ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

၈ ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များ အစည်းအဝေးကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူမြို့တွင် ဒီဇင်ဘာ ၂၄ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန်၊ လွတ်လပ်သောကုန်သွယ်မှုနှင့် နိုင်ငံစုံပါဝင်မှုကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်မှု အပြည့်အဝ နားလည်သဘောပေါက်ရန် ခေါင်းဆောင်များက သဘောတူခဲ့ကြသည်။

“ဒါက တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့အစည်းအဝေး ကျွန်တော်တို့ရဲ့ အာဆီယံ ဆွေးနွေးဖက်တွေဖြစ်တဲ့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ အလွန်ကောင်းတဲ့ ရွေ့လျားမှုတစ်ခုပါပဲ” ဟု ဖနွမ်းပင်မြို့တွင် ပြလုပ်သော တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခု၌ ဆင်က မိန့်ခွန်းပြောကြားခဲ့သည်။

“ဒီအစည်းအဝေးက ကျွန်တော်တို့ ဒေသတွင်း စီးပွားရေးအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှု ရှိပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

“လွတ်လပ်စွာ ကုန်သွယ်ရေးနဲ့ နိုင်ငံစုံပါဝင်ရေးဝါဒ” ကို စောင့်ထိန်းရန် ခေါင်းဆောင်သုံးဦး ရရှိခဲ့သည့် သဘောတူညီချက်က အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံအကြားနှင့် အမေရိကန်နှင့် အခြားနိုင်ငံများအကြား ကုန်သွယ်ရေး တင်းမာမှုများကို လျှော့ချပေးနိုင်မည်ဟု ဟွန်ဆင်က ပြောခဲ့သည်။

“ဒီသုံးနိုင်ငံရဲ့ စီးပွားရေးက ကြီးမားပါတယ် အကယ်၍ ဒီသုံးနိုင်ငံရဲ့ ဆက်ဆံရေးတွေ ကောင်းမွန်မယ်ဆိုရင် ဒီသုံးနိုင်ငံအတွက်သာမက ဒေသတွင်းရှိ နိုင်ငံအားလုံးအတွက်လည်းပဲ ကောင်းမွန်မှာဖြစ်ပါတယ်” ဟု ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆင်က မိန့်ခွန်းပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.