Connect with us

Asia

ကာဇက်စတန်နိုင်ငံ အယ်လ်မတ်တီမြို့အနီး လေယာဉ်ပျက်ကျမှုကြောင့် လူ ၇ ဦးထက်မနည်းသေဆုံး

နာလ်စူလ်တန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ကာဇက်စတန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အယ်လ်မတ်တီမြို့အနီးတွင် ဒီဇင်ဘာ ၂၇ ရက် အစောပိုင်း၌  ခရီးသည် ၉၅ ဦးနှင့် လေယာဉ်ဝန်ထမ်း ၅ ဦး တင်ဆောင်လာသော Bek Air လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ပျက်ကျသွားခဲ့ရာ လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောခဲ့သည်။

အဆိုပါ လေယာဉ်သည် လေဆိပ်မှ ပျံတက်ပြီးခဏအကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အယ်လ်မတ်တီ လေဆိပ်မှ ကြေညာချက်အရ သိရသည်။ လေယာဉ်ပျက်ကျရာနေရာတွင် ကယ်ဆယ်ရေးနှင့် ကျန်းမာရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။ (Xinhua)