Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ မှ သတိပေးပစ်ခတ်မှု ကြောင့် မြောက်ကိုရီးယားနိုင်ငံ မှ မောင်းသူမဲ့လေယာဉ် ပြန်လှည့်သွား

နှစ်နိုင်ငံ နယ်စပ်၌ မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ်၏ ပျံသန်းမှု လမ်းကြောင်းပြ မြေပုံကိုတွေ့ရစဉ် (ဓာတ်ပုံ- Yonhap)

ဆိုးလ်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ (DPRK) မှ ပျံသန်းလာသည့် မောင်းသူမဲ့လေယာဉ် တစ်စီးသည် အနောက်ပိုင်း နယ်စပ် ဒေသတွင် တောင်ကိုရီးယားနိုင်ငံ (ROK) စစ်တပ် ၏ အချက်များစွာ သတိပေး ပစ်ခတ်မှုကြောင့် မြောက်ကိုရီးယားနိုင်ငံ (DPRK)ဖက်သို့ ပြန်လည် ပျံသန်းသွားခဲ့ကြောင်း ပူးတွဲစစ်ဦးစီးချုပ် ၏ပြောကြားချက်ကို ကိုးကား၍ ဒေသခံ သတင်းမီဒီယာ တစ်ခုက ဖော်ပြခဲ့သည်။

ပူးတွဲစစ်ဦးစီးချုပ် က မြောက်ကိုရီးယားနိုင်ငံ (DPRK) ဖက်မှ မောင်းသူမဲ့လေယာဉ် (UAV) အား ဒေသစံတော်ချိန် ၂း၁၀ နာရီ (0510 GMT) ၌ အနောက်ဖက် နယ်စပ် ရှိ တောင်ကိုရီးယားနိုင်ငံ ဒိုရာစန် စောင့်ကြည့်လေ့လာရေးနေရာ(OP) အနီးတွင် ထောက်လှမ်းတွေ့ရှိမိခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမျိုးအစားမသိ မောင်းသူမဲ့လေယာဉ်သည် စစ်တပ်နယ်နိမိတ်မျဉ်းကြောင်း အနီး ပျံသန်းနေသောကြောင့် တောင်ကိုရီးယားနိုင်ငံ (ROK) စစ်တပ်က စက်သေနတ်ဖြင့် အချက် ၂၀ ကျော် သတိပေး ပစ်ခတ်ခဲ့ပြီး နောက် အဆိုပါ မောင်းသူမဲ့လေယာဉ်သည် မြောက်ကိုရီးယားနိုင်ငံ (DPRK) ဖက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ (DPRK) က ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှု ကို တုံပြန်သည့် အနေဖြင့် တောင်ကိုရီးယား (ROK) စစ်တပ်သည် နယ်စပ် တစ်လျှောက်တွင် မြောက်ကိုရီးယားနိုင်ငံ (DPRK) အား ဆန့်ကျင်သည့် ဝါဒဖြန့်မှုများအား အသံချဲ့စက်များဖြင့် ထုတ်လွှင့်ပြီးနောက် နှစ်နိုင်ငံ နယ်စပ်တွင် တင်းမာမှုများ မြင့်တက်လာကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ(ROK) နည်းတူ မြောက်ကိုရီးယားနိုင်ငံ (DPRK) ဖက်မှလည်း နယ်စပ်ဒေသတွင် ဝါဒဖြန့်မှု များ ထုတ်လွှင့်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ (ROK) ဆန့်ကျင်ရေး လက်ကမ်းစာစောင် ထောင်ပေါင်း များစွာ ကို ကြဲချခဲ့ကာ ယင်း စာရွက်များကို ဆိုးလ် နှင့် Gyeonggi ပြည်နယ် အချို့နေရာများတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.