Connect with us

Asia

ဂျပန်နိုင်ငံ မြောက်ပိုင်းတွင် ပြင်းအား ၆.၇ ရစ်ချ်တာ စကေးရှိ ငလျင်လှုပ်

ဂျပန်နိုင်ငံ မြောက်ပိုင်းရှိ ငလျင်လှုပ်ခတ် သွားသော ဒေသအား မြေပုံတွင် တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ မြောက်ပိုင်း ဟိုကိုင်ဒို ဒေသတွင် အကြို တိုင်းထွာချက်အရ ပြင်းအား ပမာဏ ၆.၇ ရစ်ချ်တာ စကေး ရှိသော ငလျင် တစ်ခု ဇန်နဝါရီလ ၁၄ ရက် (ကြာသပတေး) က လှုပ်ခတ် သွားခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသ အေဂျင်စီက ပြောသည်။

ဂျပန် မိုးလေဝသ အေဂျင်စီ (JMA) ၏ တိုင်းထွာချက်အရ ငလျင်မှာ ယူရာကာဝါ-အိုကီတွင် မြေအောက် အနက် ၅၀ ကီလိုမီတာတွင် ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဂျပန်၌ မြေငလျင် ပြင်းအား ၇ ရှိမည်ဆိုလျှင် ငလျင် အဆင့် ၅ အောက်ရှိပြီး ယင်းသည် ဟိုကိုင်ဒို ဒေသ တစ်ခု လုံးနှင့် ဂျပန်နိုင်ငံ မြောက်ပိုင်း နေရာ တချို့အထိ တုန်ခါမှုရှိနိုင်သည်။ သို့ရာတွင် လက်ရှိအချိန်အထိ ဆူနာမီ သတိပေးချက်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဇန်နဝါရီလ ၁၁ ရက်ကလည်း ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပဏာမ တိုင်းထွာချက်အရ ပြင်းအား ၄.၅ ရှိ ငလျင် လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီ သတိပေးချက် မထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း၊ သို့ရာတွင် နောက်ပိုင်း၌ ဂျပန်နိုင်ငံ မြောက်ပိုင်း ဒေသများမှာ မြေငလျင် လှုပ်ခတ်မှု တိုးမြင့်လာခြင်းအား သတိထားသင့်ကြောင်း မိုးလေဝသ ပညာရှင်များက သတိပေးထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.