Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံအား ပြင်းထန်သော စီးပွားရေး ပိတ်ဆို့မှု အမေရိကန်ခွင့်ပြု

မြောက်ကိုရီးယားနိုင်ငံ (DPRK) ၏ နျူကလီးယား စမ်းသပ်မှု တစ်ရပ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ (DPRK) ၏ နျူကလီးယား စမ်းသပ်မှုအား တုံ့ပြန်သည့် အနေဖြင့် မြောက်ကိုရီးယားနိုင်ငံအား ပြင်းထန်သည့် စီးပွားရေး ပိတ်ဆို့အရေးယူမှု ဥပဒေအား အမေရိကန် အောက်လွှတ်တော်က ဇန်နဝါရီလ ၁၂ ရက်က မဲခွဲဆုံးဖြတ်ကာ အတည်ပြုလိုက်သည်။

ယင်း ဥပဒေအား ထောက်ခံမဲ ၄၁၈ မဲ၊ ကန့်ကွက်မဲ ၂ မဲဖြင့် ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ရခြင်းမှာ လူအများအပြား သေကြေပျက်စီးစေသော လက်နက်များ၊ သေနတ်များ၊ ဇိမ်ခံပစ္စည်းများ၊ ငွေကြေးခဝါ ချခြင်း၊ ငွေစက္ကူ အတုပြုလုပ်ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်း စသည်တို့နှင့် ဆက်စပ်လျက် ရှိကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက တင်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံအား ထောက်ပံ့ပေးရန် လုပ်ဆောင်ခြင်းနှင့် ၎င်း၏ ဆိုက်ဘာ တိုက်ခိုက်မှု ခြိမ်းခြောက်မှု လုပ်ငန်းများ ဖွံ့ဖြိုးမှု အတွက် ငွေကြေးဆိုင်ရာ ကိစ္စများနှင့် ဆက်စပ်နေသည့် မည်သူ့ကိုမဆို အရေးယူပိတ်ဆို့ရန် သမ္မတ က ခွင့်ပြုထားသည်။

မြောက်ကိုရီးယား အစိုးရက ၎င်း၏ ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကို ယခင်ကတည်းကပင် စမ်းသပ်အောင်မြင်ခဲ့ပြီး ဖြစ်ကြောင်း ဇန်နဝါရီ ၁၃ ရက်တွင် ကြေညာခဲ့သည်။ သို့သော်လည်း ယင်းသို့ ပြောဆိုမှုအား အိမ်ဖြူတော်က ငြင်းဆန်ထားပြီး ဟိုက်ဒရိုဂျင်ဗုံးနှင့် နျူကလီးယား စမ်းသပ်မှုများက တူညီသော နည်းလမ်း တစ်ခုမဟုတ် သည်ကို ကနဦး လေ့လာ ဆန်းစစ်မှုများအရ သိထားကြောင်း ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.