Connect with us

Asia

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရထားနှင့် ကား တိုက်မိပြီး တစ်ဦးသေ၊ ၃ ဦး ဒဏ်ရာရ

ရထားနဲ့ ကားတိုက်မိနေသည့် မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ကားနှင့် ရထား တိုက်မိကာ လူ တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် သတင်းတင်ပြခဲ့သည်။

စူရတ်ဋ္ဌာနီပြည်နယ်ရှိ ရထားလမ်းကူး တစ်ခုအား ကားတစ်စီးက ဖြတ်သန်းသွားစဉ်တွင် ယခုလို မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကားပေါ်တွင်ပါလာသူ တစ်ဦး သေဆုံးကား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ဘန်ကောက်သို့ ဦးတည်သွားနေသော အဆိုပါ ရထားမှာ အနည်းငယ်သာ ပျက်စီးသွားခဲ့သော်လည်း ကားမှာမူ လုံးဝ ပျက်စီးသွားခဲ့ကြောင်းနှင့် ယာဉ်မောင်းသူမှာ ဆေးရုံရောက်ပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံတွင် လမ်း မတော်တဆမှုကြောင်း နှစ်စဉ် လူပေါင်း ၂၄,၀၀၀ သေဆုံးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.