Connect with us

Asia

အိန္ဒိယ၏ တစ်ခုတည်းသော မီးတောင်ရှင် မှ မီးခိုး နှင့် ချော်ရည်များ မှုတ်ထုတ်

အိန္ဒိယနိုင်ငံ ဘာရင်ကျွန်းရှိ မီးတောင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ရှိ တစ်ခုတည်းသော မီးတောင်ရှင် မှ မီးခိုး နှင့် ချော်ရည်များ ထပ်မံ မှုတ်ထုတ်နေကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၉ ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါ မီးတောင်ရှင်သည် ဘင်္ဂလားပင်လယ်အောင်အတွင်း အိန္ဒိယနိုင်ငံ၏ ပိုင်နက်ဖြစ်သော ကပ္ပလီကျွန်းစုများ၏ မြို့တော် Port Blair ၏အရှေ့မြောက်ဘက် ၁၄၀ကီလိုမီတာခန့်အကွာ ရှိ ဘာရင်ကျွန်းပေါ်တွင် တည်ရှိကြောင်း သိရသည်။

သုတေသီများက မီးတောင်ရှင် ငြိမ်သက်နေသည်မှာ နှစ်ပေါင်း ၁၅၀ရှိပြီဖြစ်ပြီး ၁၉၉၁ခုနှစ်တွင် စတင်ပေါက်ကွဲခဲ့ကြောင်း ပြောကြားခဲ့သည်။

အမျိုးသား အဏ္ဏဝါဗေဒလေ့လာရေးဋ္ဌာန မှ Abhay V Mudholkar က ဘာရင်ကျွန်းတွင် သက်ရှိများမရှိဘဲ သီးသန့်တည်ရှိနေသော ကျွန်းတစ်ကျွန်းဖြစ်၍ အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိကြောင်း နှင့် မီးတောင် သည် နှစ်ပေါင်း ၁၅၀ မှ ၂၀၀ အထိ ငြိမ်သက်နေခဲ့ပြီး ၁၉၉၁ခုနှစ်တွင် စတင်ပေါက်ကွဲခဲ့ကာ ထို့နောက် ပြတ်တောင်းပြတ်တောင်း လှုပ်ရှားမှုများရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မီးတောင်လှုပ်ရှားမှုများအား Mudholkar ဦးဆောင်သည့် သိပ္ပံပညာရှင်အဖွဲ့က ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့သည် လေ့လာမှုများပြုလုပ်ရန် မီးတောင်မှ နမူနာများအား စုဆောင်းခဲ့ကြောင်း သိရသည်။

သိပ္ပံပညာရှင်များက နေ့ပိုင်းတွင် မီးတောင်မှ မီးခိုးတိမ်များကိုသာတွေ့ရှိခဲ့သော်လည်း နေဝင်ချိန်နောက်ပိုင်းတွင် မီးတောင်ထိပ်ဝမှ အနီရောင်ချော်ရည်ပူများ ကျဆင်းလာသည်ကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.