Connect with us

Asia

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် လူ ၂ ဦးဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့ အတည်ပြု

ဘန်ကောက်မြို့ရှိ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာနေရာတစ်ခု၌ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သြဂုတ်လ ၂ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုများဖြစ်ခဲ့ကြောင်း၊ ဒဏ်ရာရသူ ၂ ဦးရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

ဗုံးပေါက်ကွဲမှုတစ်ခုမှာ ရာမ ၉ လမ်း (Rama IX) ၏ လမ်းသွယ်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လမ်းပေါ်တွင် တံမြက်စည်းလှည်းနေသူ ၂ ဦး ဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

နောက်ထပ် ပေါက်ကွဲမှုနှစ်ခုမှာ ဘန်ကောက်မြို့မြောက်ဘက် Chaeng Wattana နယ်မြေရှိ အစိုးရရုံး အဆောက်အဦပြင်ပ ချုံပုတ်များအတွင်း ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူမရှိခဲ့ပေ။

ထို့ပြင် ဆာသွန်နယ်မြေရှိ BTS မိုးပျံရထားလမ်း၏ Chong Nonsi ဘူတာရုံအနီးတွင်လည်း နောက်ထပ် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။ လုံခြုံရေးအကြောင်းပြချက်များဖြင့် အဆိုပါ ဘူတာရှိ ထွက်ပေါက်များအား ယာယီပိတ်ထားခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများ မရှိကြောင်း သိရသည်။

ဗုံးရှင်းလင်းရေးအဖွဲ့များက အခင်းဖြစ်ပွားရာနေရာများအား စုံစမ်းစစ်ဆေးရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.