Connect with us

Asia

တောင်ကိုရီးယားနိုင်ငံအား ကုန်သွယ်မှုဦးစားပေးအဆင့်မှ ဖယ်ရှားရန် ဂျပန်နိုင်ငံ ဆုံးဖြတ်

G20 အိုဆာကာ ထပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသော ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံက တောင်ကိုရီးယားနိုင်ငံအား လွယ်ကူရှင်းလင်းသော ပို့ကုန်ထိန်းချုပ်မှုလုပ်ထုံးလုပ်နည်းတွင် ပါဝင်သည့်နိုင်ငံစာရင်းမှ ဖယ်ရှားရန် သြဂုတ်လ ၂ ရက်တွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) အစိုးရအဖွဲ့က တောင်ကိုရီးယားနိုင်ငံအား “အဖြူရောင်စာရင်း” မှ ဖယ်ရှားရန်အစီအစဉ်များအား ခွင့်ပြုခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်မှာ အစိုးရအဖွဲ့၏ အတည်ပြုချက်ရရှိပြီးနောက် ၂၁ ရက်အကြာတွင် အသက်ဝင်မည်ဖြစ်သည်။

ဂျပန်နိုင်ငံအနေဖြင့် ပြီးခဲ့သည့်လအစောပိုင်းတွင် တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့သော အဓိကကုန်ပစ္စည်းများဖြစ်သည့် memory chip များနှင့် display panel များ ပြုလုပ်ရန် မရှိမဖြစ်လိုအပ်သော ပစ္စည်းသုံးမျိုးအပေါ် စည်းမျဉ်းများ တင်းကြပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)