Connect with us

Asia

ထိုင်းနိုင်ငံ မှ ပျောက်ဆုံးကလေးငယ် ၁၃ဦးအား အသက်ရှင်လျက်ပြန်လည်တွေ့ရှိ

ပျောက်ဆုံးနေသည့် ထိုင်းလူငယ်ဘောလုံးသမား ၁၃ဦးအား ရှာဖွေရာတွင် ပါဝင်ခဲ့သည့် တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးအား ဇူလိုင် ၂ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ချင်းရိုင်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ဂူတစ်ခု အတွင်း ၉ရက်ကြာ ပိတ်မိနေသော လူငယ်ဘောလုံးသမား ၁၂ဦး နှင့် ၎င်းတို့၏ဘောလုံး အသင်းခေါင်းဆောင်တစ်ဦး တို့အား ဇူလိုင် ၂ရက် ညပိုင်းတွင် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး Narongsak Osottanakorn ကပြောကြားခဲ့သည်။

အသက် ၁၁နှစ် မှ ၁၆နှစ်အရွယ်ရှိ ယောက်ျားလေး ၁၂ဦး နှင့် အတူ အသက်၂၅နှစ်အရွယ် အသင်းခေါင်းဆောင်ဖြစ်သူအား ၎င်းတို့ခိုနားနေသည်ဟုယူဆရသော နေရာမှ ၄၀၀မီတာခန့်အကွာတွင် အသက်ရှင်လျက်ပြန်တွေ့ခဲ့ပြီး ၎င်းတို့သည် ဇွန် ၂၃ရက်နေ့က ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါနေရာရှိ ကယ်ဆယ်ရေးသမားများ၏ပြောကြားချက်အရ ယင်းလူငယ်များအား အပြင်သို့ကယ်ထုတ်ရန်အတွက် ဂူအတွင်းရှိ ရေမျက်နှာပြင် အလွန်မြင့်တက်နေဆဲဖြစ်ကြောင်းနှင့် ဆရာဝန်များအား ဂူအတွင်းသို့စေလွှတ်ပေးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.