Connect with us

Asia

ဘတ်စ်ကားတိမ်းမှောက်မှုအတွက် အိန္ဒိယထိပ်တန်းရဲအရာရှိတစ်ဦးကို ရာထူးမှ ဖယ်ရှား

လူပေါင်း ၄၈ ဦးအသက်သေဆုံးခဲ့ရသည့် ဘတ်စ်ကား မတော်တဆမှုအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ်၌ ဖြစ်ပွားခဲ့သော လူပေါင်း ၄၈ ဦး သေဆုံးခဲ့ရသည့် ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်စဉ်အတွက် ထိပ်တန်းရဲအရာရှိတစ်ဦးကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း အစိုးရအရာရှိများက ယနေ့ ဇူလိုင် ၃ ရက်တွင်ပြောကြားလိုက်သည်။

“Uttarakhand ပြည်နယ် ဝန်ကြီးချုပ် Trivendra Singh Rawat က ပြည်နယ် ဒုတိယရဲချုပ်ကို ဇူလိုင် ၂ ရက်မှာ ရာထူးက ဖယ်ရှားလိုက်ပါတယ်။ အခြား အရာရှိနှစ်ဦးကိုလည်း ရာထူးက ရပ်ဆိုင်းလိုက်ပါတယ်” ဟု အစိုးရ အဆင့်မြင့် အရာရှိတစ်ဦးက ဆိုသည်။

လူပေါင်း ၆ဝ ခန့်တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် ဇူလိုင် ၁ ရက် နံနက်ပိုင်းက ပြည်နယ်မြို့တော် Dehradun မှ ၂ဝဝ ကီလိုမီတာအကွာ Pauri Garhwal ခရိုင်အတွင်းရှိ Pipali-Bhoan ကားလမ်းတောင်းစောင်းတစ်ခုတွင် လမ်းချော်မှုဖြစ်ပွားပြီးနောက် ချောက်နက်ထဲသို့ထိုးကျသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၄၅ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ၊ ဒဏ်ရာပြင်းထန်သူ သုံး ဦးကို ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း ၊ ဒဏ်ရာအနည်းငယ်ရသူ ခုနှစ်ဦးအပါအဝင် လူပေါင်း ၁၂ ဦးသာ အသက်ရှင်ကျန်ရစ်ကြောင်း သိရသည်။

ကနဦးစုံစမ်းစစ်ဆေးမှု အရ ထိုင်ခုံ ၂၈ လုံးပါ ဘတ်စကားသည် ခံနိုင်ဝန်အားထက် ကျော်လွန်၍ လူပိုတင်လာပြီး တောင်စောင်းလမ်းတစ်ခုပေါ် ဖြတ်သန်းမောင်းနှင်လာခဲ့ခြင်းဖြစ်သည်။ “ လမ်းအကွေ့တစ်ခုတွင် ယာဉ်မောင်းသည် ကားကိုထိန်းချုပ်နိုင်ခြင်းမရှိတော့သဖြင့် အဆိုပါမတော်တဆမှုဖြစ်ပွားခဲ့ရခြင်းဖြစ်ပါတယ်” ဟု အရာရှိတစ်ဦးက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.