Connect with us

Asia

ထိုင်းပြည်သူများက နိုင်ငံအရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း သေဆုံးသွားသူများအတွက် ဆုတောင်းမေတ္တာပို့

ထိုင်းနိုင်ငံ၌ ပစ်ခတ်မှုအတွင်း သေဆုံးသွားသူများအတွက် ဆုတောင်းမေတ္တာပို့သမှုများ ပြုလုပ်စဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရခက်ဆီးမားမြို့ ဈေးဝယ်စင်တာတစ်ခု၌ သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အသက်သေဆုံးခဲ့ရသူများအတွက် ထိုင်းပြည်သူများက ဖေဖော်ဝါရီ ၉ ရက်တွင် နိုင်ငံအနှံ့အပြား၌ ဆုတောင်းမေတ္တာပို့သမှု အခမ်းအနားများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် ဖေဖော်ဝါရီ ၉ ရက်တွင် အချင်းဖြစ်မြို့သို့ သွားရောက်၍ ဒဏ်ရာရသူများအား ကြည့်ရှုအားပေးခဲ့ကြောင်း နှင့် ယင်းပစ်ခတ်မှုကြောင့် သေနတ်သမားအပါအဝင် လူပေါင်း ၂၇ ဦးသေဆုံးပြီး အခြား ၅၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌ ပစ်ခတ်မှုအတွင်း သေဆုံးသွားသူများအတွက် ဆုတောင်းမေတ္တာပို့သမှုများ ပြုလုပ်စဉ်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ပစ်ခတ်မှုအတွင်း သေဆုံးသွားသူများအတွက် ဆုတောင်းမေတ္တာပို့သမှုများ ပြုလုပ်စဉ်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ပစ်ခတ်မှုအတွင်း သေဆုံးသွားသူများအတွက် ဆုတောင်းမေတ္တာပို့သမှုများ ပြုလုပ်စဉ်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ပစ်ခတ်မှုအတွင်း သေဆုံးသွားသူများအတွက် ဆုတောင်းမေတ္တာပို့သမှုများ ပြုလုပ်စဉ်(ဆင်ဟွာ)

ပစ်ခတ်မှုကျူးလွန်သူမှာ ထိုင်းစစ်တပ်မှ အသက် ၃၂နှစ် အရွယ် တပ်ကြပ်ကြီး တစ်ဦးဖြစ်ကြောင်း ၊ ၎င်းသည် ဖေဖော်ဝါရီ ၈ ရက်က နခွန်းရချက်ဆီးမားမြို့(Nakhon Ratchasima)ရှိ စစ်အခြေစိုက်စခန်းတစ်ခုမှ လက်နက်များ ခိုးယူပြီး ၎င်း၏ အထက်အရာရှိနှင့်အခြားလူနှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ၊ ယင်းနောက် မော်တော်ယာဉ်တစ်စီးဖြင့် ဈေးဝယ်စင်တာတစ်ခုသို့ ထွက်ပြေးခဲ့ပြီး အနီးအနားရှိ လူအုပ်ကြီးအား ပစ်ခတ်ခဲ့ကြောင်း ၊ ထိုမှတစ်ဆင့် ဈေးဝယ်စင်တာအတွင်းသို့ ပြေးဝင်ကာ ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်သမားသည် ၎င်းပစ်သတ်ခဲ့သည့် အထက်အရာရှိနှင့် အဆင်မပြေမှုများရှိနိုင်ကြောင်း သတင်းမီဒီယာအချို့က ဖော်ပြခဲ့သော်လည်း လက်ရှိအချိန်ထိ ပြစ်မှုကျူးလွန်သည့် အသေးစိတ်အကြောင်းအရာကို မသိရှိရသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.