Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံက အမေရိကန်နှင့် စစ်ဖက်ဆိုင်ရာ (VFA) သဘောတူညီချက်ကို ဖျက်သိမ်းမည်ဟုဆို

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးအားတွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ နှင့် အမေရိကန်နိုင်ငံအကြား ချုပ်ဆိုထားသည့် ဧည့်တပ်ဖွဲ့ဝင်များ ထားရှိရေးသဘောတူညီချက်(VFA) ကို ဖျက်သိမ်းရန် ဖိလစ်ပိုင်နိုင်ငံက အမေရိကန်နိုင်ငံအား တရားဝင် အသိပေးလိုက်ပြီးဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံထိပ်တန်းသံတမန်တစ်ဦးက ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ အဲဒီ Visiting Forces Agreement (VFA)ကို ဖျက်သိမ်းဖို့ အသိပေးစာကို အမေရိကန်သံရုံး ဒုတိယအကြီးအကဲက လက်ခံရယူခဲ့ပါတယ် ။ သံတမန်တစ်ဦးအနေနဲ့တော့ ဒီလို ဆင့်စာပေးတဲ့ကိစ္စမျိုးကို ရှင်းပြဖို့ဆိုပြီး ကြေညာချက်ထုတ်ပြန်မှာတော့ မဟုတ်ပါဘူး ” ဟု ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Teodoro Locsin က တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

၁၉၉၈ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် VFA စာချုပ်အရ အမေရိကန်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာသည် စစ်ရေးလေ့ကျင့်မှုများ နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန်အတွက် ဖိလစ်ပိုင်မြေပေါ်၌ အလှည့်ကျ တပ်ချခွင့် ရရှိခဲ့ကြောင်း သိရသည်။  (Xinhua)