Asia
ထိုင်းဘုရင် ဘိသိက်ခံယူပွဲအား အထွေထွေရွေးကောက်ပွဲပြီးမှသာ ကျင်းပသွားမည်ဟု ထိုင်းဝန်ကြီးချုပ်ပြောကြား
ဘန်ကောက်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံတွင် ၂၀၁၉ခုနှစ် အထွေထွေရွေးကောက်ပွဲ အပြီး ထိုင်းဘုရင် မဟာဝိဇီယလောင်ကွန်း ၏ ဘိသိက်ခံယူပွဲအခမ်းအနားအား ကျင်းပရန် စီစဉ်ထားကြောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ဒီဇင်ဘာ ၄ရက်တွင်ပြောကြားခဲ့သည်။
အစိုးရအိမ်တော်၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု ၌ ဝန်ကြီးချုပ်က ဘိသိက်ခံယူပွဲအခမ်းအနားအား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ ၂၄ရက် တွင်ပြုလုပ်မည့် ရွေးကောက်ပွဲအပြီးကျင်းပသွားမည်ဟု အတည်ပြုပြောကြားခဲ့သည်။
ပြီးခဲ့သည့်ဇွန်လတွင် ပရာယွတ်က ဘိသိက်ခံယူပွဲအား ရွေးကောက်ပွဲမတိုင်မီ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် တော်ဝင်အိမ်တော်ဆိုင်ရာဗျူရို သည် ဘိသိက်ခံယူပွဲအခမ်းအနား အတွက် အစီအစဉ်ရေးဆွဲနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။
ထိုင်းဘုရင် မဟာဝိဇီယလောင်ကွန်း (သို့) ဒသမမြောက်ရာမဘုရင် သည် ၎င်း၏ ဖခင်ဘုရင်ကြီး ဘူမိဘောအဒူလျာဒတ် နတ်ရွာစံပြီး ၂၀၁၆ခုနှစ် ဒီဇင်ဘာလမှ စ၍ ထီးနန်းဆက်ခံခဲ့ကြောင်း သိရသည်။ (Xinhua)