Connect with us

Asia

ဂျပန်ကမ်းခြေ၌ အမေရိကန်မရိန်းတပ် ဂျက်တိုက်လေယာဉ် နှင့် ဆီဖြည့်လေယာဉ် တိုက်မိပြီးနောက် လူ ၁ ဦးကို ကယ်ဆယ်ခဲ့

အမေရိကန်ဂျက်တိုက်လေယာဉ်တစ်စင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

တိုကျို ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်ပိုင်းကမ်းခြေ၌ ယနေ့ဒီဇင်ဘာ ၆ ရက် နံနက်အစောပိုင်းတွင် နှစ်စင်းပေါင်း လူ ၇ ဦးလိုက်ပါလာသော အမေရိကန်စစ်တပ်မှ လေယာဉ်နှစ်စင်း တိုက်မိမှုဖြစ်ပွားခဲ့ရာ လူတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဂျပန်အစိုးရသတင်းအရင်းအမြစ်များကို ကိုးကား၍ ဒေသမီဒီယာက ဖော်ပြခဲ့သည်။

ဂျပန်ပြည်သူ့အသံလွှင့်ဌာန (NHK) က Kochi ပြည်နယ် ကမ်းလွန်ရှိ ဂျပန်နိုင်ငံအနောက်ပိုင်း Iwakuni မရိမ်းလေတပ်အခြေစိုက်စခန်းမှ ထွက်ခွာလာသော အမေရိကန် FA-18 ဂျက်တိုက်လေယာဉ်တစ်စင်း နှင့် KC-130 ဆီဖြည့် လေယာဉ်တစ်စင်းတို့သည် ဒီဇင်ဘာ ၆ ရက်နံနက်အစောပိုင်းတွင် တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း အမေရိကန်ဘက်က အတည်ပြုချက်ကို ကိုးကား၍ ဂျပန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ကဆိုသည်။

အချင်းဖြစ်ပွားချိန်တွင် FA-18 ဂျက်လေယာဉ်ပေါ်၌ လူ နှစ်ဦး နှင့် လောင်စာဆီဖြည့်လေယာဉ်ပေါ်တွင် အခြားလူငါးဦးလိုက်ပါလာခဲ့ကြောင်း နှင့် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းက ဆိုသည်။

လေယာဉ်များပေါ်လိုက်ပါသွားသော လူ ၇ ဦးအနက် တစ်ဦးကို ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ပြောကြားချက်ကို ကိုးကား၍ သတင်းကဆိုသည်။

အမေရိကန် စစ်လေယာဉ်နှစ်စင်းသည် ဒေသစံတော်ချိန် နံနက် ၁ နာရီ ၄ဝ မိနစ်တွင် Kochi စီရင်စု Muroto အငူတောင်ဘက် ၁ဝဝကီလိုမီတာအကွာ၌ ပုံမှန်လေ့ကျင့်ရေးအစီအစဉ်ပြုလုပ်နေစဉ် လေယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.