Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ လမ်းဆောက်လုပ်ရေးစီမံကိန်းတစ်ခုအတွင်းသို့ လက်နက်ကိုင်များဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် လူ ၃၁ ဦး သေဆုံး

အင်ဒိုနီးရှား လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Papuaပြည်နယ်Ndugaခရိုင်ရှိ လမ်းဆောက်လုပ်ရေးစီမံကိန်းတစ်ခု အတွင်းသို့ လွန်ခဲ့သောရက်များက လက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်ရာ အလုပ်သမားဝန်ထမ်း ၃၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် လက်နက်အုပ်စုသည် နှစ်ကြိမ်ခွဲ၍ လမ်းပြင်အလုပ်သမား ဝန်ထမ်းများကို တိုက်ခိုက်ခဲ့ရာ စုစုပေါင်းလူ ၃၁ ဦး သေဆုံးခဲ့ကြောင်း ရဲဘက်ဆိုင်ရာ၏သတင်းများကို ကိုးကား၍ အင်ဒိုနီးရှားမီဒီယာများက ဖော်ပြထားသည်။ သေဆုံးသူများမှာ အင်ဒိုနီးရှား နိုင်ငံပိုင် ဆောက်လုပ်ရေးကုမ္ပဏီမှ ဝန်ထမ်းများဖြစ်ကြောင်း သိရသည်။ လက်ရှိ မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့တိုက်ခိုက်ရသည်ကို မသိရသေးကြောင်း၊ တိုက်ခိုက်မှုကို Papuaပြည်နယ် ခွဲထွက်ရေး အင်အားစုများက လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကနဦးအနေဖြင့် ယူဆကြောင်း ရဲဘက်ဆိုင်ရာ ပြောကြားခဲ့သည်။

လက်ရှိ အချင်းဖြစ်နေရာတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းရန် သက်ဆိုင်ရာဌာနက ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.