Asia
ထိုင်းလေတပ် တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့၍ လေယာဉ်မှူးသေဆုံး

ဘန်ကောက်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံလေတပ်၏ Gripen တိုက်ခိုက်ရေး လေယာဉ်တစ်စီးသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ လေဆိပ်တစ်ခုတွင် ဇန်နဝါရီ ၁၄ ရက်က ပျက်ကျခဲ့ရာ လေယာဉ်မှူးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသည့် လေယာဉ်မှူးမှာ လေယာဉ်အုပ်စုမှူး Dilokrit Pathavi ဖြစ်ပြီး ဘန်ကောက်မြို့ တောင်ဘက် ၇၅၀ကီလိုမီတာ အကွာ Hat Yai အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပျက်ကျခဲ့သည့် အဆိုပါဆွီဒင်နိုင်ငံလုပ် JAS 39 Gripen တိုက်လေယာဉ် ပျက်ကျခြင်းနှင့်အတူ သေဆုံးသွားခဲ့ကြောင်း သိရသည်။လေယာဉ်သည် ကလေးများနေ့ အခါသမယတွင် ဒေသခံကလေးများအတွက် လေယာဉ်အလှပျံသန်းမှု ပြုလုပ်နေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပျက်ကျရခြင်းအကြောင်းရင်းကို လေတပ်က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ခရီးသည်တင်လေယာဉ်များအတွက် ဦးစားပေးဖွင့်လှစ်ထားသည့် အဆိုပါ လေဆိပ်အား Gripen တိုက်လေယာဉ်ပျက်ကျပြီးနောက် နာရီအနည်းကြာ ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။ထိုင်းနိုင်ငံလေတပ်သည် နိုင်ငံ၏ တောင်ပိုင်း Surat Thani ပြည်နယ် ရှိ အမှတ်၇ လေယာဉ်စခန်း ၌ဖြန့်ကျက်ထားသော လက်ရှိလေယာဉ်အုပ်စုမှ လေယာဉ် ၁၂စီး အပြင် JAS 39 Gripen တိုက်လေယာဉ် လေးစီးထက်ပို၍ ထပ်မံအားဖြည့်ရေးအတွက် ဝယ်ယူရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)