Asia
ဒူတာတေး က ဖိလစ်ပိုင် နိုင်ငံ ၌ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းပြော
မနီလာ ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး က ဇူလိုင် ၂၄ ရက်နေ့က ဖိလစ်ပိုင် နိုင်ငံ လွှတ်တော် တွင် နှစ်စဉ် ပြည်တွင်းရေး အစီရင်ခံစာ တင်ပြရာတွင် ဖိလစ်ပိုင် နိုင်ငံ အစိုးရ အနေဖြင့် ဆက်လက်၍ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကို ဆောင်ရွက်သွားမည် ဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံ စီးပွားရေး တည်ဆောက်မှု ကိုလည်း တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဒူတာတေး က မူးယစ်ဆေးဝါး သည် လူ့ပတ်ဝန်းကျင် ကို အန္တရာယ် ပြုစေသည့် အရာတစ်ခု ဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံ အတွင်း ဒုစရိုက်မှု အမျိုးမျိုး နှင့် အိမ်ထောင်စု ဒုက္ခရောက် စေသည့် အဓိက အရင်းအမြစ် ဖြစ်ကြောင်း ၊ လူမှုဘဝ ဖွဲ့စည်းမှု ကို ပျက်ဆီးစေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတွက်လည်း အတားအဆီး ဖြစ်စေခဲ့ကြောင်း ၊ မူးယစ်ဆေးဝါး သည် လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကို ဒုက္ခရောက်စေသောကြောင့် ဖိလစ်ပိုင် နိုင်ငံ အစိုးရ အနေဖြင့် မူးယစ်ဆေးဝါး နှိမ်နင်းရေး ကို ဆက်လက်၍ ခိုင်မြဲစွာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဖိလစ်ပိုင် နိုင်ငံ ရဲတပ်ဖွဲ့ ၏ စာရင်းပြုစုချက်အရ ဒူတာတေး ဖိလစ်ပိုင် နိုင်ငံ သမ္မတ တာဝန် ထမ်းဆောင်ပြီး နောက်ပိုင်း တွင် ရဲတပ်ဖွဲ့ က မူးယစ်ဆေးဝါး နှိမ်နင်းရေး လှုပ်ရှားမှု ပေါင်း ၆၂,၀၀၀ ကြိမ် ပြုလုပ်ခဲ့ပြီး မူးယစ်ဆေးဝါး နှင့် ပတ်သက်သူပေါင်း ၃၁၅၁ ဦး ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ၊ မူးယစ်ဆေးဝါး နှင့် ပတ်သက်သူပေါင်း ၈၄,၀၀၀ ဦးကို ဖမ်းဆီး ခဲ့ပြီး လူပေါင်း ၁.၃ သန်းက လာရောက် အဖမ်းခံခဲ့ကြောင်း သိရှိရသည်။(Xinhua)