Connect with us

Asia

ကမ္ဘာ့အဝဆုံး အမျိုးသမီး ယူအေအီးတွင် ကုသမှုခံယူပြီးနောက် ကိုယ်အလေးချိန် ၆၅ ကီလို ကျဆင်းခဲ့

ကမ္ဘာ့အဝဆုံး အမျိုးသမီးအား တွေ့ရစဉ် (ဆင်ဟွာ)

ဒူဘိုင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံမှ ကိုယ်အလေးချိန် ၅၀၀ ကီလိုရှိသော ကမ္ဘာ့ အဝဆုံး အမျိုးသမီးသည် ဆေးရုံ၌ ကုသမှု ခံယူပြီးနောက် အလေးချိန် ၆၅ ကီလို ကျဆင်းအောင် လုပ်နိုင်ခဲ့ကြောင်း အဘူဒါဘီရှိ Burjeel ဆေးရုံက ဇူလိုင်လ ၂၄ ရက်က ပြောကြားကြောင်း ယူအေအီး နိုင်ငံပိုင်း သတင်းအေဂျင်စီ WAM က သတင်းဖော်ပြထားသည်။

ကမ္ဘာ့ အဝဆုံး အမျိုးသမီး Iman Abd al-Ati သည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာကြောင်းနှင့် ဆေးရုံတက်ကာ စတင်ကုသမှုခံယူချိန်ကစ၍ အလေးချိန် ၆၅ ကီလို ချပေးနိုင်ခဲ့ကြောင်း အဆိုပါ ဆေးရုံက ပြောကြားခဲ့သည်။

ကုသမှု ကာလ ၈ ရက်အတွင်း အဆိုပါ အီဂျစ်အမျိုးသမီးမှာ လက်ရှိတွင် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နိုင်ပြီ ဖြစ်သလို ၎င်း၏ လက်မောင်းများမှာလည်း လှုပ်ရှားနိုင်ပြီ ဖြစ်ကြောင်း ဆေးရုံက ဖြည့်စွက် ပြောကြားခဲ့သည်။

ကိုယ်အလေးချိန် လျော့ကျစေရးအတွက် ကြိုးစားနေသည့် အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်သော Iman သည် ၎င်း၏ ကုသမှုခရီးစဉ်အား အိန္ဒိယနိုင်ငံ မွမ်ဘိုင်းတွင် စတင်ခဲ့ပြီး အဘူဒါဘီရှိ Bureej ဆေးရုံသို့ မေလ ၄ ရက်က ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ခွဲစိတ်ကုသမှု မပြုလုပ်ခင်က Iman သည် အိပ်ရာတွင်ပင် နေခဲ့ရသလို ကိုယ် အလေးချိန်မှာလည်း ၅၀၀ ကီလိုဂရမ် ရှိကြောင်း သတင်းများက ဆိုသည်။

Iman သည် ခန္ဓာကိုယ်အတွင်း ရေပမာဏများစွာ ရှိနေသောကြောင့် အဆီကျိတ်များနှင့် ပြင်းထန် အဝလွန်ရောဂါ ခံစားနေရကြောင်း ဒူဘိုင်း အခြေစိုက် သတင်းချန်နယ် Al Arabiya ၏ သတင်း တစ်ပုဒ်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.