Connect with us

Asia

နီပေါနိုင်ငံ အနောက်ဘက်စွန်း၌ ဂျစ်ကားမတော်တဆမှုတွင် လူ ၁၁ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရ

နီပေါနိုင်ငံ လမ်းနံဘေးတစ်နေရာတွင် တိမ်းမှောက်နေသည့် ဂျစ်ကားတစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ခတ္တမန္ဒူ၊ မတ် ၂ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ အနောက်ဘက်စွန်း ဒါချူလာခရိုင်တွင် ဂျစ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ ဦးသေဆုံးပြီး အခြားသူ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ ဂျစ်ကားသည် အဝေးပြေးလမ်းမကြီးမှ ဘီးချော်ကျကာ ဒါချူလာခရိုင်၊ ဒူဟူကျေးလက်နယ်မြေရှိ မဟာကာလီမြစ်အတွင်းသို့ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံရဲအရာရှိ နာဘင်ဒရာ ကတ်ဒါရတ်က ပြောကြားခဲ့သည်။

“အခင်းဖြစ်ပွားတဲ့နေရာမှာ လူသေအလောင်း ၁၁ လောင်းကို ကျွန်တော်တို့ ပြန်လည်ရရှိခဲ့တယ်။ ဒေသခံအာဏာပိုင်များ၊ ဒေသခံများနဲ့အတူ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပါတယ်” ဟု အခင်းဖြစ်ပွားရာနေရာရှိ ရဲအရာရှိက ဆင်ဟွာသို့ မတ်လ ၁ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။

သေဆုံးသူများအနက် အမျိုးသမီး ၇ ဦး၊ အမျိုးသား ၃ ဦးနှင့် မိန်းကလေး ၁ ဦးတို့ ပါဝင်ကြောင်း ရဲအရာရှိ၏ ပြောကြားချက်အရ သိရသည်။

ယာဉ်မတော်တဆမှုတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော ဂျစ်ကားမောင်းသူအား ဆေးကုသမှုခံယူရန်အတွက် အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

အဆိုပါ ဂျစ်ကားသည် ဒါချူလာခရိုင်ကားဂိတ်မှ ဒူဟူကျေးလက်နယ်မြေသို့ ဦးတည်သွားနေခြင်းဖြစ်ကြောင်း၊ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရသည့်အကြောင်းရင်းအား သေချာအောင်စိစစ်လေ့လာနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

နီပေါနိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းများမှာ အရှိန်လွန်မောင်းနှင်ခြင်း၊ အရက်သောက်၍ မောင်းနှင်ခြင်းနှင့် လမ်းမများနှင့် မော်တော်ယာဉ်များ ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းများကြောင့် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.