Connect with us

Asia

ဂျပန် နိုင်ငံ Hokkaido ကျွန်း အနီးတွင် ပြင်အား ၆.၂ အဆင့်ရှိ ငလျင် လှုပ်ခတ်

ငလျင်ကြိမ်နှုန်း တိုင်းတာမှုပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ မတ် ၂ ရက် (ဆင်ဟွာ)

ဂျပန် နိုင်ငံ မိုးလေဝသ ဌာန ၏ ထုတ်ပြန်ကြေညာချက်အရ မတ်လ ၂ ရက် ဒေသစံတော်ချိန် ၁၂ နာရီ ၂၃ မိနစ် အချိန်တွင် Hokkaido ကျွန်း အနီး၌ ပြင်အား ၆.၂ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး ငလျင် ကြောင့် ဆူနာမီ ဖြစ်ပေါ်ခြင်း မရှိကြောင်း သိရှိရသည်။

ဂျပန် နိုင်ငံ မိုးလေဝသ ဌာန က ယခု လှုပ်ခတ်ခဲ့သည့် ငလျင် သည် Hokkaido ကျွန်း Nemuro ကျွန်းဆွယ် အရှေ့တောင်ပိုင်း ပင်လယ်ပြင်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ငလျင် က အရှေ့ လောင်ဂျီတွဒ် ၁၄၆.၈ ဒီဂရီ နှင့် မြောက်လတ္တီတွဒ် ၄၂.၁ ဒီဂရီ တွင် မြေအောက်အနက် ၁၀ ကီလိုမီတာ ခန့်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ အနီးပတ်ဝန်းကျင်ရှိ မြို့များတွင် ငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်စေခဲ့ကြောင်း ကြေညာ ခဲ့သည်။

ဂျပန် နိုင်ငံ က ကမ္ဘာပေါ်ရှိ လှုပ်ရှားမှု အများဆုံး ဖြစ်ပေါ်သည့် ငလျင်ကြော ပေါ်တွင် တည်ရှိနေပြီး ငလျင် မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရှိရသည်။(Xinhua)