Connect with us

Asia

ပထမဆုံး အိုလံပစ် ရွှေတံဆိပ် ဆွတ်ခူးနိုင်သည့်အတွက် စင်ကာပူ အောင်ပွဲခံ

အိုလံပစ် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည့် စင်ကာပူ နိုင်ငံသား ဂျိုးဇက် စကူးလင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

စင်ကာပူ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)
အိုလံပစ် အားကစားပွဲစဉ်များ၌ စင်ကာပူ နိုင်ငံသား ဂျိုးဇက် စကူးလင်း (Joseph Schooling) က ယနေ့တွင် အမျိုးသား မီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲ ဗိုလ်လုပွဲ၌ စင်ကာပူနိုင်ငံအတွက် ပထမဆုံး အိုလံပစ် ရွှေတံဆိပ် ကို ဆွတ်ခူးသွားကြောင်း သိရသည်။

အသက် ၂၁ နှစ်အရွယ် စင်ကာပူနိုင်ငံသား ဂျိုးဇက်သည် ရေကူးကန် နံရံအား အချိန် ၅၀.၃၉ စက္ကန့်ဖြင့် ရောက်ရှိခဲ့ပြီး အိုလံပစ် ရွှေတံဆိပ် ၂၂ ဆုရှင် ဖြစ်သည့် အမေရိကန်မှ မိုက်ကယ် ဖဲလ်စ်၊ တောင်အာဖရိကမှ ချက်ဒ် လီ ကလို့စ်နှင့် ဟန်ဂေရီမှ လက်စ်ဇလိုချက်ရှ် တို့သည် ရေကူးကန် နံရံသို့ ၅၁.၁၄ စက္ကန့်၌သာ ရောက်ရှိ ခဲ့ကြသည်။

“ဂျိုးဇက် အကောင်းဆုံး လုပ်ခဲ့တယ်၊ စင်ကာပူက အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တယ်” ဟု အားကစားကွင်း အနီးရှိ အားကစားရုံကနေ ထို ပြိုင်ပွဲအား တိုက်ရိုက် ကြည့်ရှုနေသူများက အားပါးတရ ဟစ်ကြွေးလိုက်သည်။စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကလည်း ဖေ့စ်ဘွတ်မှ တဆင့် စကူးလင်းအား ပထမဆုံးအကြိမ် ဝမ်းမြောက် ကြောင်း ပြောကြားလိုက်သည်။

၎င်းက “ဂျိုးဇက် စကူးလင်းက မီတာ ၁၀၀ လိပ်ပြာကူး ပြိုင်ပွဲမှာ ၅၀.၃၉ စက္ကန့်ဖြင့် အိုလံပစ် စံချိန်ချိုးပြီး သမိုင်းဝင် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်တဲ့အတွက် ကျွန်တော် လှိုက်လှိုက်လှဲလှဲ ဝမ်းသာ ဂုဏ်ယူပါတယ်၊ ဒါဟာ စင်ကာပူရဲ့ ပထမဆုံး အိုလံပစ် ရွှေတံဆိပ်ဆု ဖြစ်သလို ရီယို ၂၀၁၆ အတွက် ကျွန်တော်တို့ရဲ့ ပထမဆုံး ဆုတံဆိပ်လဲ ဖြစ်တယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.