Connect with us

Asia

ဘောလီဝုဒ် အကျော်အမော် ရှရွတ်ခန်း အမေရိကန် လေဆိပ်တွင် ထိန်းသိမ်းခံရ

အိန္ဒိယ ရုပ်ရှင်မင်းသား ရှရွတ်ခန်းအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

အိန္ဒိယ ရုပ်ရှင် စူပါစတား ရှရွတ်ခန်းသည် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလစ် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အမေရိကန် အာဏာပိုင်များမှ ထိန်းသိမ်းခြင်းခံခဲ့ရကြောင်း သိရသည်။

“ကမ္ဘာပေါ်က လုံခြုံရေး စနစ်တွေကို ကျွန်တော် အပြည့်အဝ နားလည်သလို လေးလဲ လေးစားပါတယ်၊ ဒါပေမဲ့ အချိန်တိုင်း လိုလို ဖြစ်နေတာကိုတော့ စိတ်ပျက်မိပါတယ်” ဟု ခန်းက သြဂုတ်လ ၁၂ ရက်က ၎င်း၏ တွစ်တာ အကောင့်၌ ရေးသားထားသည်။
ခန်း ထိန်းသိမ်းခံရမှုသည် ၎င်း၏ ပရိသတ်များအား စိတ်ဆိုး ဒေါသထွက်စေခဲ့ကြောင်း၊ ထိန်းသိမ်းခံရခြင်း အကြောင်းရင်းအား သေချာ မသိရသေးကြောင်းနှင့် လေးနာရီခန့်ကြာ ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ အမေရိကန် လူဝင်မှုကြီးကြပ်ရေးဋ္ဌာနက မှတ်ချက် တစ်စုံတစ်ရာ ပေးထားခြင်း မရှိသော်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန၊ တောင်နှင့် အလယ်ပိုင်း အာရှရေးရာ လက်ထောက် အတွင်းဝန် နီရှာ ဘစ်ဝဲလ်က ခန်း၏ တွစ်တာအကောင့်တွင် ထိန်းသိမ်းခဲ့ခြင်းကြောင့် လေဆိပ်တွင် ကသီလင်တ ဖြစ်သွားရခြင်းအပေါ် တောင်းပန်ကြောင်း ပြန်လည် ရေးသားခဲ့သည်။
ခန်းသည် ယခင်ကလည်း အမေရိကန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အရာရှိများ၏ ထိန်းသိမ်းခြင်း ခံခဲ့ရဖူးသည်ဟု ဆိုသည်။
၎င်းသည် ၂၀၀၉ ခုနှစ်တွင် နယူးဂျာစီရှိ Newark Liberty အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် နယူးယောက် လေဆိပ်၌ နှစ်နာရီကြာ လည်းကောင်း ထိန်းသိမ်းခြင်း ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.