Asia
ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါပြည်နယ်တွင် ပေါက်ကွဲမှုကြောင့် ရဲအရာရှိ အပါအဝင် လူ ၂ ဦး သေဆုံး

အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း မြို့တော် ပက်ရှ်ဝါတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရော အဆင့်မြင့် ရဲအရာရှိ တစ်ဦးအပါအဝင် ရဲ နှစ်ဦး သေဆုံးခဲ့ကာ ဒဏ်ရာရသူ ၆ ဦးရှိခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာက နိုဝင်ဘာလ ၂၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။
သတင်းများအရ ပက်ရှ်ဝါမြို့ Hayatabad နယ်မြေရှိ Tatara ပန်းခြံအနီးတွင် ရဲကား တစ်စီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲထောက်လှမ်းရေးချုပ် မူဟာမက် အာဆပ်နော်နှင့် ၎င်း၏ ကိုယ်ရံတော်တို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များသည် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ခဲ့ပြီး သေဆုံးသူများအား ယင်း မြို့ရှိ ဆေးရုံသို့ လွှဲပြောင်းပေးခဲ့သည်။
သေဆုံးသူ ရဲအရာရှိမှာ ရုံးသို့ သွားရောက်နေစဉ် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းအား မသိရှိရသေးပေ။ သို့သော်လည်း သတင်းအချို့၏ အဆိုအရ အသေခံ ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသော်လည်း တရားဝင် အတည်ပြုချက် တစ်စုံတစ်ရာ မထုတ်ပြန်သေးပေ။
တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်မှာ လုံးဝ ပျက်စီးသွားခဲ့သည်။ ယင်း တိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်း မရှိသေးပေ။ (Xinhua)