Connect with us

Asia

ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် ကားမှောက်မှုကြောင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၃ ဦးနှင့် ထိုင်းလူမျိုး ယာဉ်မောင်း သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကားတိုက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဗင်ကားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် ယနေ့ (နိုဝင်ဘာလ ၂၄ ရက်) က အရှိန်လွန်မောင်းနှင်လာသည့် ဗင်ကား တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၁၃ ဦးနှင့် ယာဉ်မောင်း တစ်ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဘန်ကောက်မြို့ မြောက်ပိုင်း ၁၄၀ ကီလိုမီတာအကွာရှိ စင်ဘူရီပြည်နယ်အနီး အာရှ အဝေးပြေးလမ်းမကြီးပေါ်တွင် ရွှေ့ပြောင်းအလုပ်သမားများအား တင်ဆောင်လာသော ဗင်ကားသည် ၁၀ ဘီးကားတစ်စီး၏ နောက်ပိုင်းကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း၊ ဗင်ကားမောင်းသူမှာ အမည်မသိရသေးဘဲ ကားမောင်းနေစဉ် အိပ်ငိုက်သွားသည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုသည် ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထရပ်ကားအား ဝင်တိုက်ပြီးနောက် ဗင်ကားမှာ ချက်ချင်း မီးလောင်သွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုတွင် သေဆုံးခဲ့သော ရွှေ့ပြောင်းအလုပ်သမား ၁၃ ဦးသည် ထိုင်း-မြန်မာ နယ်စပ်ရှိ တက်ခ်ပြည်နယ်မှ မြို့တော် ဘန်ကောက် အနောက်မြောက်ဘက်စွန်းရှိ Bang Bua Thong နယ်မြေသို့ သွားရောက်သည့် လမ်းခရီး၌ ယခုလို ကားတိုက်မှုဖြစ်ပွားရခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.