Connect with us

Asia

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းရှိ ဆေးရုံ၌ ဓာတ်ငွေ့အိုးပေါက်ကွဲမှုဖြစ်ပွား၊ ၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံတွင် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရလာသူ တစ်ဦးအား ဆေးရုံသို့ ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီလ ၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း Attock ခရိုင်ရှိ ဆေးရုံတစ်ရုံတွင် ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၆ ဦး သေဆုံးကာ အခြားသူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် ခရိုင်ဋ္ဌာနချုပ် ဆေးရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အဆောက်အအုံ တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ကြောင်း၊ သေဆုံးသူများအနက် အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်ကြောင်း ဒေသတွင်း သတင်းလိုင်းက ဇန်နဝါရီလ ၁ ရက် ညပိုင်းတွင် ရေးသားထားသည်။

ဓာတ်ငွေ့အိုး ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းအား သေချာမသိရသေးကြောင်း၊ သို့သော်လည်း ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

မျက်မြင်သက်သေများ၏ အဆိုအရ ပေါက်ကွဲမှုမှာ အမျိုးသမီးဆောင်မှ ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့ပြီး လူအများအပြား အဆောက်အဦ အပျက်အစီးများအောက်၌ နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့များက အုတ်ကျိုးအုတ်ပဲ့များကြားမှ ဒဏ်ရာရသူများအား ဆွဲထုတ်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.