Connect with us

Asia

ဗီယက်နမ်တွင် ပေါက်ကွဲမှုကြောင့် လူ ၂ဦးသေ၊ ၆ဦးဒဏ်ရာရရှိ

ဗီယက်နမ်နိုင်ငံတွင် ယခင်ကတွေ့ရှိခဲ့သည့် မပေါက်ကွဲသေးသော ဒုံးကျည်နှင့်ဗုံးသီးများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Bac Ninh ပြည်နယ် တွင် ဇန်နဝါရီ ၃ရက် နံနက်ပိုင်းက ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ရာ ကလေးငယ်၂ဦးသေဆုံးပြီး လူ ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ အာဏာပိုင်များက ကြေညာခဲ့သည်။

ဗီယက်နမ်နိုင်ငံ Yen Phong ခရိုင် Van Mon ရပ်ကွက်ရှိ ပစ္စည်းအတိုအစအဟောင်းများ စုဆောင်းရာနေရာတစ်ခုရှိ အိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့သော အဆိုပါပေါက်ကွဲမှုကြောင့် နေအိမ်၂လုံးပျက်စီးပြီး ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှ ၅၀၀မီတာပတ်လည် အတွင်းရှိ အခြားအရာဝတ္ထုများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း နှင့် အခင်းဖြစ်ပွားရာ၌ ကျည်ဆံအချို့ကို တွေ့ရှိရကြောင်း သိရသည်။

Van Mon ရပ်ကွက်ရှိ နေအိမ်အများအပြားသည် ပစ္စည်းအပိုင်းအစအဟောင်းများ စုဆောင်းသည့်အလုပ်ကို လုပ်ကိုင်ကြပြီး တစ်ခါတစ်ရံ ယင်းပစ္စည်းအဟောင်းများတွင် မပေါက်ကွဲသေးသည့် ဗုံးသီးများ၊ ကျည်ဆန်များ နှင့် မိုင်းများ ပါဝင်တတ်ကြောင်း သိရသည်။

၁၉၆၅-၁၉၇၅ခုနှစ် ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များသည် ဗီယက်နမ်နိုင်ငံ၌ ၁၅သန်းတန်ချိန်ရှိသော ဗုံးများ၊မိုင်းများ နှင့်အခြား ဖောက်ခွဲရေးပစ္စည်းများကို ဖြန့်ကျက်ချထားခဲ့ပြီး ၎င်းတို့အနက် ၁၀ရာခိုင်နှုန်းသည် မပေါက်ကွဲသေးပဲကျန်ရှိနေဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဗီယက်နမ်စစ်ပြန်များအောက်မေ့ဖွယ်ရန်ပုံငွေအဖွဲ့၏ ပြောကြားချက်အရ သိရသည်။

ဗီယက်နမ်နိုင်ငံမှ ပစ္စည်းအဟောင်းစုဆောင်းသူများသည် သတ္တု နှင့် ယမ်းမှုန့်များရယူရန် အတွက် မပေါက်ကွဲသေးသည့် ဗုံးသီးများကို တစ်ခါတစ်ရံ ရှာဖွေကြပြီး ကလေးငယ်များသည်လည်း ကျည်ဆံများကို ထုရိုက်၍ ကစားတတ်ကြသဖြင့် နှစ်စဉ် လူသေဆုံးမှု နှင့် ထိခိုက်ဒဏ်ရာရရှိမှု ရာနှင့်ချီ၍ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.