Connect with us

Asia

ဖိလစ်ပိုင်တွင် ဘတ်စ်ကား မတော်တဆမှုကြောင့် လူ ၁၉ဦးသေဆုံး၊ ၂၅ဦး ဒဏ်ရာရရှိ

ဖိလစ်ပိုင်တွင် ဖြစ်ပွားခဲ့သည့် ဘတ်စ်ကား မတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ရှိ မင်ဒိုရိုပြည်နယ် Sablayan မြို့ ရှိ အဝေးပြေးလမ်းမတစ်ခု တွင် မတ် ၂၀ရက် ညပိုင်းက ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျခဲ့ရာ လူ ၁၉ဦးသေဆုံးပြီး အခြားလူ ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူများက ယာဉ်မတော်တဆမှုသည် Sablayan မြို့ San Agustin ရွာ၌ ဒေသစံတော်ချိန် ည ၉း၃၀နာရီတွင် ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

Sablayan မြို့သဘာဝဘေးအန္တရာယ်လျှော့ချရေး နှင့် စီမံခန့်ခွဲရေးရုံး အကြီးအကဲ Acris Panillo က ဘတ်စ်ကားသည် ထိန်းချုပ်မှုကင်းမဲ့ပြီး တိမ်းမှောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာ၌ သေဆုံးသွားသူများတွင် ကားဒရိုင်ဘာ ပါဝင်ကြောင်း Panillo ကပြောကြားခဲ့သည်။

၎င်းက ဒဏ်ရာရရှိသူများကို ဆေးကုသမှုခံယူရန် အနည်းဆုံး ဒေသတွင်းဆေးရုံ ၃ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.