Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံနှင့် အဆင့်မြင့် ဆွေးနွေးပွဲများ မတ်လ ၂၉ ရက်တွင် ပြုလုပ်ရန် တောင်ကိုရီးယားနိုင်ငံ ကမ်းလှမ်း

မတ်လ ၂၉ ရက်တွင် Panmunjom အပစ်အခတ်ရပ်စဲရေးကျေးရွာရှိ မြောက်ကိုရီးယားပိုင် အဆောက်အအုံတစ်ခုဖြစ်သော Tongilgak ၌ အဆင့်မြင့်ဆွေးနွေးပွဲများ ပြုလုပ်ရန် ကမ်းလှမ်းချက်အား ကြေညာသည့် ရုပ်သံအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံက မတ်လ ၂၉ ရက်တွင် Panmunjom အပစ်အခတ်ရပ်စဲရေးကျေးရွာရှိ မြောက်ကိုရီးယားပိုင် အဆောက်အအုံတစ်ခုဖြစ်သော Tongilgak ၌ အဆင့်မြင့်ဆွေးနွေးပွဲများ ပြုလုပ်ရန် ယနေ့ (မတ်လ ၂၀ ရက်) ကမ်းလှမ်းလိုက်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ ပြောခွင့်ရပုဂ္ဂိုလ် Kim Eui-kyeom က အိမ်ပြာတော်တွင် ဧပြီလနှောင်းပိုင်း၌ ကျင်းပရန် နှစ်နိုင်ငံသဘောတူထားသည့် ကိုရီးယားနိုင်ငံနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး (Inter-Korea Summit) မတိုင်မီ အထက်ပါ ဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်ကိုရီးယားဘက်က တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲ ကမ်းလှမ်းကြောင်း ကြေညာချက်သည် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (Moon Jae-in) သဘာပတိပြုလုပ်ခဲ့သည့် ဧပြီလတွင် ပြုလုပ်မည် ဖြစ်သော ကိုရီးယားနိုင်ငံနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ရေး သမ္မတဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးပြီးနောက် ထွက်ရှိလာခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.