Asia
ဖိလစ်ပိုင်နိုင်ငံတွင် ကားနှင့်ထရပ်ကား တိုက်မိသဖြင့် လူ ၅ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
မနီလာ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ ဂူမာကာမြို့ရှိ အဝေးပြေးလမ်းမတွင် ဝက်ဂွန် (Wagon) ကားတစ်စီးနှင့် ကုန်တင်ထရပ်ကားတစ်စီးတို့ အောက်တိုဘာလ ၅ ရက် အရုဏ်မတက်မီက တိုက်မိခဲ့ရာ လူ ၅ ဦးသေဆုံး၍ အခြားသူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုသည် ဒေသစံတော်ချိန် နံနက် ၅:၄၅ နာရီက ဖြစ်ပွားခဲ့ပြီး ခရီးသည် ၈ ဦးလိုက်ပါလာတဲ့ ဝက်ဂွန်ကားတစ်စီး အဝေးပြေးလမ်းပေါ် မျက်နှာချင်းဆိုင်လမ်းဘက်သို့ ရောက်ရှိသွားကာ ထရပ်ကားနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ ကနဦး စစ်ဆေးမှုအရ ဝက်ဂွန်ယာဉ်မောင်းမှာ အိပ်ပျော်သွားခြင်းဖြစ်နိုင်ကာ အဝေးပြေးလမ်းတစ်လျှောက် အရှိန်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် အသက် ၄၂ နှစ်အရွယ် ယာဉ်မောင်း၊ ၎င်း၏ဇနီးနှင့် သားမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အခြားသူတစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဒဏ်ရာရသူခရီးသည်များအနက် တစ်ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိကြောင်း သိရသည်။ (Xinhua)