Connect with us

Asia

နီပေါနိုင်ငံ အရှေ့ပိုင်းတွင် တရုတ်-နီပေါ ချစ်ကြည်ရေး စက်မှုဥယျာဉ် တည်ဆောက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

နီပေါ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ မဟာပရာဆတ် အတ်ဟီကာရီ (ဝဲ) က တရုတ်-နီပေါ ချစ်ကြည်ရေး စက်မှုှုဥယျာဉ် တည်ဆောက်ခြင်း လက်မှတ်ရေးထိုးခြင်း အခမ်းအနား၌ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ အရှေ့ပိုင်း ဂျာပါခရိုင်တွင် တရုတ်-နီပေါ ချစ်ကြည်ရေး စက်မှုဥယျာဉ်အတွက် နီပေါရင်းနှီးမြှုပ်နှံမှုအဖွဲ့ (IBM) နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Damak Clean စက်မှုဥယျာဉ်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Damak Clean စက်မှုဥယျာဉ် ဥက္ကဋ္ဌ Govinda Thapa နှင့် IBN အမှုဆောင်အရာရှိချုပ် မဟာပရာဆတ် အတ်ဟီကာရီ (Maha  Prasad Adhikari) တို့သည် ခတ္တမန္ဒူမြို့တွင် အောက်တိုဘာလ ၃ ရက် ညနေပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

Lhasa စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဇုန် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်သည် ယင်းနေရာတွင် စက်မှုလုပ်ငန်းများ ပေါ်ထွက်လာရန်နှင့် လုပ်ငန်းလည်ပတ်လာရန် ပြီးပြည်စုံသော စက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံတစ်ခု တည်ဆောက်ရန် ရည်ရွယ်ထားသည့် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

“စားသောက်ကုန်တွေ၊ အိမ်တွင်း အသုံးအဆောင်တွေ၊ သယ်ယူပို့ဆောင်ရေး ကိရိယာ၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေး ကိရိယာတွေနဲ့ ဆက်စပ်တဲ့ စက်မှုလုပ်ငန်းတွေ စက်မှုဥယျာဉ်ထဲ ရောက်ရှိလာမှာပါ” ဟု Lhasa စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဇုန် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌ ကျိုးချိန်ကျဲ့က လက်မှတ်ရေးထိုးပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ စက်မှုဥယျာဉ်သည် နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေပီ ရှာမာအိုလီ (KP Sharma Oli) ၏ မွေးရပ်ဇာတိမြို့ ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုပမာဏ မြှင့်တင်မှုအပေါ် အလေးထားသည့် အစိုးရအဖွဲ့ဖြစ်သော IBN က သြဂုတ်လတွင် တရုတ်ကုမ္ပဏီထံမှ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အမေရိကန်ဒေါ်လာ ၅၈၆ သန်း ခွင့်ပြုခဲ့ကြောင်း သိရသည်။

ကျိုး၏ ပြောကြားချက်အရ အဆိုပါ စီမံကိန်းအား အဆင့်လေးဆင့် ပြုလုပ်မည်ဖြစ်ပြီး ၎င်းတို့ကုမ္ပဏီအနေဖြင့် စီမံကိန်းတစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ရည်မှန်းထားကြောင်း၊ အဆိုပါ စီမံကိန်းသည် မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံမှ နီပေါနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် အကြီးဆုံး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ကြောင်း သိရသည်။

IBN အမှုဆောင်အရာရှိချုပ် အတ်ဟီကာရီက ထိုစီမံကိန်းက ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်မှ ကမ်းလှမ်းထားသော စီးပွားရေး အခွင့်အလမ်းကို အကျိုးရှိရှိအသုံးချရန် နီပေါအား ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.