Asia
ဖိလစ်ပိုင်အတွင် အပူပိုင်းမုန်တိုင်း “တန်ဘင်” ကြောင့် သေဆုံးသူ ၂၀၀အထိ မြင့်တက်လာ
မနီလာ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်း “တန်ဘင်” ကြောင့် ဖြစ်ပေါ်လာသည့် ရေလွှမ်းမိုးမှုများ နှင့် မြေပြိုမှုများကြောင့် သေဆုံးသူဦးရေသည် ၂၀၀ဦးအထိ မြင့်တက်လာခဲ့ကြောင်း ရဲတပ်ဖွဲ့ က ဒီဇင်ဘာ ၂၃ရက် နှောင်းပိုင်းတွင်ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ဒီဇင်ဘာ ၂၂ ရက်အစောပိုင်းမှစ၍ မုန်တိုင်း “တန်ဘင်” တိုက်ခတ်ခဲ့မှုကြောင့် လူပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ဖိလစ်ပိုင်နိုင်ငံအမျိုးသားရဲတပ်ဖွဲ့ (PNP) ပြည်နယ်ဆိုင်ရာ ရဲမှူး Lemuel Gonda က မုန်တိုင်းကြောင့် မြောက်ပိုင်း မင်ဒါနာအို ပြည်နယ်တွင် လူ ၁၃၅ဦး သေဆုံးခဲ့ပြီး ဇမ်ဘုန်းဂါကျွန်းဆွယ် တွင် ၄၇ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေး နှင့် စီမံခန့်ခွဲရေးကောင်စီ (NDRRMC) သည် မုန်တိုင်းဒဏ်ခံ ဒေသ မှ ပျက်စီးဆုံးရှုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု စာရင်းများကို ကောက်ခံလျက်ရှိကြောင်း သိရသည်။ဖိလစ်ပိုင်နိုင်ငံ မိုးလေဝသဗျူရို ပါဂါဆာ ၏ နောက်ဆုံးလေ့လာခန့်မှန်းချက်အရ အပူပိုင်းမုန်တိုင်း “တန်ဘင်” သည် ဒီဇင်ဘာ ၂၂ ရက်ညပိုင်းတွင် Palawan ပြည်နယ် Baalbac မြို့၏ ကုန်းတွင်းပိုင်းသို့ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ယင်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံမှ မထွက်ခွာခင် တိုင်ဖွန်းမုန်တိုင်းအဖြစ်ပြောင်းလဲသွားနိုင်ကြောင်း သိရသည်။ (Xinhua)