Connect with us

Asia

ဖိလစ်ပိုင်၌ ဈေးဝယ်စင်တာ မီးလောင်မှုဖြစ်ပွား၊ လူ ၃၇ ဦးသေဆုံး

မီးလောင်ကျွမ်းသွားသော ဖိလစ်ပိုင်နိုင်ငံ ဒါဗို့ မြို့ ရှိ ဈေးဝယ်စင်တာအား ဒီဇင်ဘာ ၂၄ ရက်တွင် တွေ့ ရစဉ် (ဆင်ဟွာ)

ဒါဗို့စီးတီး ၊ ဖိလစ်ပိုင် ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ ဒါဗို့မြို့( Davao) ၌ ဒီဇင်ဘာ ၂၃ ရက် ညပိုင်းတွင် ဈေးဝယ်စင်တာတစ်ခုမီးလောင်မှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၃၇ ဦးသေဆုံးကြောင်း နှင့် ၁၆ နာရီကြာ လောင်ကျွမ်းနေသော မီးညွန့်ကို မီးသတ်သမားများက ဆက်လက် ဝိုင်းဝန်းငြှိမ်းသတ်လျက်ရှိကြောင်း တာဝန်ရှိသူများက ယနေ့( ဒီဇင်ဘာ ၂၄ ရက်) တွင် ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၃ နာရီခန့်တွင် မီးသတ်သမားများထံမှ ရရှိသော သတင်းအချက်အလက်အရ သေဆုံးသူ အရေအတွက်ကို ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။

“ အခင်းဖြစ်နေရာမှာ ရှိနေတဲ့ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ဘယ်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင်ဖို့ဆိုတာ အခြေအနေတွေက သိပ်ကို ခက်ခဲပါတယ် ။ အသက်ရှင်ကျန်ရစ်ဖို့ကတော့ ရာခိုင်နှုန်း သုံည ဖြစ်နေပါတယ်” ဟု သမ္မတ၏ ပြောကြားချက်ကို ကိုးကား၍ ဖိလစ်ပိုင်နိုင်ငံ ကက်သလစ်ဘုန်းတော်ကြီးအသင်းဥက္ကဋ္ဌ (CBCP) ဘုန်းတော်ကြီးRomulo Valles က ဆိုသည်။

မီးလောင်မှုအတွင်းပျောက်ဆုံးနေသည့် အလုပ်သမားများ၏ မိသားစုဝင်များနှင့် ဖိလစ်ပိုင်သမ္မတဒူတာတေးတွေ့ဆုံခဲ့သည့် စားသောက်ဆိုင်ပြင်ပတွင် သတင်းသမားများအား Valles က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒါဗို့မြို့ရှိ NCCC ဈေးဝယ်စင်တာ အဆောက်အအုံကို မီးလောင်ကျွမ်းခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၅ နာရီတွင် ရရှိထားသော စာရင်းအရ သေဆုံးသူ ၃၇ ဦးရှိသွားပြီဖြစ်ကြောင်း သမ္မတဒူတာတေး၏ သားဖြစ်သူ ဒါဗို့မြို့ ဒုတိယမြို့တော်ဝန် Paolo Duterte က ပြောကြားခဲ့သည်။

ဈေးဝယ်စင်တာ၏ တတိယထပ်ရှိ ပရိဘောဂပစ္စည်း သိုလှောင်ရုံမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၊ ၎င်းမီးညွန့်သည် အပေါ်ထပ်များသို့ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းရဲတပ်ဖွဲ့က ဆိုသည်။(Xinhua)