Connect with us

Asia

အရက်သောက်သုံး၍ ဖြစ်ပေါ်လာသည့် ယာဉ်မတော်တဆမှုများ၌ တရားခံအား ထောင်ဒဏ် ၇နှစ် ချမှတ်ရန် အိန္ဒိယ အစိုးရ စီစဉ်

အိန္ဒိယနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုအားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် မြင့်တက်လာသော ယာဉ်မတော်တဆမှုများကို ထိန်းချုပ်သည့်အနေဖြင့် အရက်သောက်သုံးထားသော ကားမောင်းသူများကြောင့် လူသေဆုံးမှုဖြစ်ပါက ထောင်ဒဏ်ချမှတ်မှုကို တိုးမြှင့်ရန် အစိုးရက စီစဉ်နေကြောင်း သတင်းအရင်းအမြစ်တစ်ခုက ဒီဇင်ဘာ ၂၄ရက်တွင်ပြောကြားခဲ့သည်။

လက်ရှိတွင် အရက်သောက်သုံး၍ ဖြစ်ပေါ်လာသည့် ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုအတွက် တရားခံအား အများဆုံး ထောင်ဒဏ် ၂နှစ် သတ်မှတ်ထားသော်လည်း ယခုအခါ အစိုးရက ယင်းထောင်ဒဏ်ကို ၇နှစ်အထိ တိုးမြှင့်ရန် လိုလားနေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ယာဉ်မတော်တဆမှုများကြောင့် လူသေဆုံးမှု ဖြစ်ရပ်များကို ရပ်တန့်နိုင်ရန်အတွက် မကြာသေးမီက ပါလီမန်ကော်မတီတစ်ခုက အရက်သောက်သုံးထားပြီး လူသေဆုံးမှုဖြစ်စေသော တရားခံ ယာဉ်မောင်းသူ အား ထောင်ဒဏ် ၁၀နှစ် ချမှတ်ရန် ထောက်ခံခဲ့ပြီးနောက် ယင်းသို့ထွက်ပေါ်လာခြင်းဖြစ်သည်။

သတင်းအရင်းအမြစ်က ကော်မတီသည် တရားခံ ယာဉ်မောင်းသူအား ယခင်သတ်မှတ်ထားသည့် ပေါ့ဆမှုဖြင့်လူသေဆုံးစေသော ဥပဒေဖြင့် သတ်မှတ်ထားမှုကို ထောင်ဒဏ် ၁၀နှစ်ချမှတ်နိုင်သော လူသတ်မှုဖြင့် အစားထိုးရန် ထောက်ခံခဲ့ကြပြီး အစိုးရက ယင်း ဥပဒေနှစ်ရပ်အကြား အချိုးကျသည့် ထောင်ဒဏ်ချမှတ်မှုကို အလိုရှိကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် နှစ်စဉ် ယာဉ်မတော်တဆမှု ၅၀၀,၀၀၀ ဖြစ်ပွားခဲ့ပြီး လူ ၁၅၀,၀၀၀ သေဆုံးခဲ့ရသည်။ သို့သော် အစိုးရ က ငါးနှစ်တာကာလအတွင်း ယာဉ်မတော်တဆမှုများကို ၅၀ရာခိုင်နှုန်းလျော့ကျအောင် ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117