Asia
ဗီယက်နမ်တွင် ဇီကာဗိုင်းရပ်စ် သတိပေးချက် မြှင့်တင်
ဟနွိုင်း၊ မတ်၂၄ရက် (ဆင်ဟွာ)
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီး (WHO) က ဗီယက်နမ်နိုင်ငံမှ ပြန်လာသူ သြစတေးလျနိုင်ငံသား တစ်ဦး ဇီကာဗိုင်းရပ်စ် ကူးဆက်ထားခံရကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည့်နောက်ပိုင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန (MOH) က မတ်လ ၂၃ရက်တွင် နိုင်ငံတစ်ဝန်း ဇီကာဗိုင်းရပ်စ် သတိပေးချက် မြှင့်တင် ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဗိုင်းရပ်စ်ကူးဆက်ခံထားရသူ သြစတေးလျနိုင်ငံသားသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံသို့ လာရောက်ခဲ့ပြီး မတ်လ ၆ရက်တွင် သြစတေးလျနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း MOH လက်အောက် ရှိ ဆေးပညာဆိုင်ရာ ကြိုတင်ကာကွယ်ရေး ဌာန က ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြ ခဲ့သည်။
မတ်လ ၈ရက်နေ့တွင် အဆိုပါ ပုဂ္ဂိုလ် သည် ဇီကာဗိုင်းရပ်စ်ပိုး ကူးဆက်ခံထားရသည့် လက္ခဏာများပြသခဲ့ ကြောင်းသိရသည်။
ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံ၊ဆေးပေးခန်းများအား စစ်ဆေးမှုများ ပိုမိုဆောင်ရွက်ရန်၊ ဇီကာဗိုင်းရပ်စ်ပိုး ကူးဆက်ခံရသည့် လက္ခဏာများနှင့် ဆင်တူသည့် ဖြစ်စဉ်အားလုံး၏ နမူနာ စမ်းသပ်ချက်များကို ရယူရန် နှင့် ဗိုင်းရပ်စ်ပြန့်ပွားခြင်းမရှိစေရန် ခြင်နှိမ်နှင်းရေးလုပ်ငန်းများကို ပိုမို ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း ခဲ့သည်။
ဗီယက်နမ်နိုင်ငံ တွင် ယခု အချိန်အထိ ဇီကာဗိုင်းရပ်စ်ပိုး ကူးဆက်ခံရမှု ဖြစ်စဉ် မရှိသေးကြောင်း သိရသည်။ (Xinhua)