Connect with us

Asia

အိမ်နီးချင်းကောင်းများ ဖြစ်ရန် အာရှနိုင်ငံများအား တရုတ် နိုင်ငံ ဝန်ကြီးချုပ် တိုက်တွန်း

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် အာရှ Boao ဖိုရမ်၌ မတ်လ ၂၄ ရက်က မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

BOAO၊ ဟိုင်နန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

အာရှနိုင်ငံများ အနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းသင့်ကြောင်းနှင့် အာရှအား ကမ္ဘာ့ စီးပွားရေးကို အဓိက မောင်းနှင်သူအဖြစ် အတူတကွ လုပ်ဆောင်သွားရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၂၄ ရက်က ပြောကြားလိုက်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်ကျော် ကာလအတွင်း အာရှသည် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ယေဘုယျအားဖြင့် ငြိမ်းချမ်း တည်ငြိမ်သည့် ပတ်ဝန်းကျင် တစ်ခုအား ထိန်းသိမ်းထားနိုင်ခဲ့သည်မှာ အရေးပါသည့် အကြောင်းပြချက် တစ်ခု ဖြစ်ကြောင်း ဟိုင်နန် ပြည်နယ်တွင် ပြုလုပ်သည့် ၂၀၁၆ ခုနှစ် အာရှ Boao ဖိုရမ် (2016 Boao Forum for Asia) ဖွင့်ပွဲ အခမ်းအနား၌ ဝန်ကြီးချုပ် လီခဲ့ချန်က ပြောကြားခဲ့သည်။

ဆွေးနွေးခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းသည် အဓိကကျသည့် ရွှေရောင်သော့ချက်များ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ဒုတိယ ကမ္ဘာစစ်ပြီးနောက် ရရှိခဲ့သည့် သမိုင်းကြောင်းနှင့် အတွေ့အကြုံများ အရ အာရှနိုင်ငံများသည့် အိမ်နီးချင်း ကောင်းများနှင့် မိတ်ဆွေကောင်းများ ဖြစ်သင့်သလို သေးငယ်သော သဘောထား ကွဲလွဲမှုများနှင့် ဝိရောဓိ များကြောင့် ဆက်ဆံရေးအား အနှောင့်အယှက် မဖြစ်သင့်ကြောင်း လီက အလေးပေး ပြောကြားခဲ့သည်။

အာရှ စီးပွားရေးသည် ခက်ခဲသည့် အခြေအနေ ရှိနေသည့်ကြားမှ ရလဒ်ကောင်း ထွက်လာစေရန် ပူးပေါင်းကာ စည်းစည်းလုံးလုံး အားထုတ်ကြိုးပမ်းရန် လီက တိုက်တွန်း ပြောကြားခဲ့သည်။
ယခုနှစ် အတွက် အစည်းအဝေးအား မတ်လ ၂၂ ရက်မှ ၂၅ ရက်အထိ ဟိုင်နန်ပြည်နယ် Boao မြို့၌ “Asia’s New Future: New Dynamics and New Vision” ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်နေခြင်း ဖြစ်သည်။ နိုင်ငံများ နှင့် ဒေသပေါင်း ၆၀ ကျော်မှ လူဦးရေ ၂,၀၀၀ ကျော်တက်ရောက်ကာ မက်ခရို စီးပွားရေး၊ နိုင်ငံရေး၊ စီးပွားရေး လုပ်ငန်း၊ တီထွင် ဆန်းသစ်ခြင်း၊ အင်တာနက်၊ အများပြည်သူ ကြီးပွားချမ်းသာရေးနှင့် ယဉ်ကျေးမှု စသည့် အကြောင်းအရာများအား ဆွေးနွေးကြမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.