Connect with us

Asia

ဘရာဇီးကို ခရီးသွားခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား တစ်ဦးတွင် ပထမဆုံး ဇီကာ ဗိုင်းရပ်စ် တွေ့ရှိ

ဇီကာဗိုင်းရပ်စ် နှိမ်နင်းရေးအတွက် ခြင်ဆေးဖြန်းနေစဉ် (ဓာတ်ပုံ- အင်တာနက်)

ဆိုးလ်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံသို့ ခရီးသွားရောက်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား အမျိုးသား တစ်ဦးတွင် တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး ဇီးကာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း ကိုရီးယား ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ (KCDC) က မတ်လ ၂၂ ရက်က ပြောသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နှင့် မတ်လ ၉ ရက်ကြား ဘရာဇီးနိုင်ငံသို့ အလုပ်ကိစ္စဖြင့် ခရီးသွားရောက်ခဲ့သည့် အသက် ၄၃ နှစ်အရွယ် အမျိုးသား တစ်ဦးအား မတ်လ ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၆း၀၀ နာရီ၌ စမ်းသပ် စစ်ဆေးခဲ့ရာ ထိုသို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း KCDC က အီးမေးလ်က တစ်ဆင့် ပြောသည်။

ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သည့် အဆိုပါ တောင်ကိုရီးယားနိုင်ငံသားမှာ မတ်လ ၁၆ ရက်တွင် ကြွက်သားများ နာကျင် ကိုက်ခဲခြင်းနှင့် အဖျားတက်လာခဲ့ပြီး မတ်လ ၁၉ ရက်တွင် ခန္ဓာကိုယ်၌ အင်ပျဉ်များ ထွက်လာခဲ့သည်။

ယင်း အမျိုးသားအား ဇီကာဗိုင်းရပ်စ် အတည်ပြုနိုင်ရန် ဒုတိယအကြိမ် မျိုးရိုးဗီဇ စစ်ဆေးမှု လုပ်ဆောင်ထားပြီး ၎င်း အဖြေအား မတ်လ ၂၂ ရက်ညပိုင်းတွင် သိရမည် ဖြစ်သည်။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့် အမျိုးသား နေထိုင်သည့် Gwangyang ဆိပ်ကမ်းမြို့၌ နေထိုင်သူများကိုလည်း ဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိမရှိ စစ်ဆေးရန် ကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ စုံစမ်းစစ်ဆေး သူများ စေလွှတ်ထားပြီး ဖြစ်သည်။
ဇီကာဗိုင်းရပ်စ်မှာ သာမန်အားဖြင့် လူ လူချင်းသို့ ကူးစက်ခြင်းမရှိသော်လည်း ရောဂါကူးစက်နိုင်ခြေ အလားအ လာများအား ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ယင်းလူနာအား ဆေးရုံအနီးတဝိုက်၌ နေထိုင်စေကြောင်း သိရ သည်။
ဇီကာဗိုင်းရပ်စ်သည် ခြင်မှတဆင့် အဓိက ပြန့်ပွားခြင်းဖြစ်သော်လည်း ဗိုင်းရပ်စ်ပိုးရှိသူနှင့် လိင်ဆက်ဆံခြင်းနှင့် ဗိုင်းရပ်စ်ပိုးရှိသူ၏ သွေးသွင်းမိခြင်း စသည်တို့ကြောင့်လည်း ကူးစက်နိုင်ခြေရှိကြောင်း KCDC ၏ ဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည်။
ဇီကာဗိုင်းရပ်စ်၏ ရောဂါပျိုးချိန်မှာ နှစ်ပတ်ကြာမြင့်ပြီး ဗိုင်းရပ်စ်ပိုးရှိသည့် ကိုယ်ဝန်ဆောင် မိခင်မှ မွေးဖွားလာ သည့် ကလေးများတွင် ပုံသဏ္ဍာန်မူမမှန် ဦးခေါင်းသေးခြင်းနှင့် ဦးနှောက် ပျက်စီးခြင်းတို့မှာ ဗိုင်းရပ်စ်ပိုးနှင့် ဆက်စပ်မှု ရှိနေသည်ဟု ဆိုသည်။
ဇီကာဗိုင်းရပ်စ် ဖြစ်ပွားမှုများသည့် နိုင်ငံများသို့ ခရီးသွားရောက်ခဲ့သူများအနေဖြင့် သွေးလှူဒါန်းခြင်း မပြုရန်နှင့် နေအိမ်သို့ ပြန်ရောက်ပြီး တစ်လခန့်အတွင်း ကွန်ဒုံး အသုံးပြု လိင်ဆက်ဆံသင့်ကြောင်း ကျွမ်းကျင်သူများက အကြံပြုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.