Connect with us

Asia

ဗီယက်နမ်နိုင်ငံတွင် ဘတ်စ်ကားက လမ်းဘေးဈေးကွက်အား တိုက်မိသဖြင့် လူ ၄ ဦးသေဆုံး

ဗီယက်နမ်နိုင်ငံရှိ ဈေးတစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကုန်းမြင့်ဒေသဂီယာလိုင်ပြည်နယ်၌ သြဂုတ်လ ၃ ရက် နံနက်ပိုင်းတွင် လူ ၄၄ ယောက်စီး ဘတ်စ်ကားတစ်စီးက လမ်းဘေးဈေးရုံတစ်ခုအား ဝင်တိုက်မိသဖြင့် ဒေသခံ ၄ ဦးသေဆုံးကာ အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ ဖော်ပြချက်အရ သိရသည်။

ယင်းဖြစ်ရပ်မှာ Chu Se ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခရီးသည် ၂၄ ဦးတင်ဆောင်လာသည့်ဘတ်စ်ကားမှာ မော်တော်ဆိုင်ကယ်အား တိမ်းရှောင်စဉ် လမ်း၏လယ်ယာဘက်သို့ ချော်သွားကာ ဈေးရောင်း၊ဝယ်နေသူများအား တိုက်မိခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာ၌ လူ ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားခဲ့သည်။

ကနဦး စုံစမ်းစစ်ဆေးမှုများအရ မိုးရွာခြင်းနှင့် ရေငွေ့ရိုက်ခြင်းစသည့် ရာသီဥတုမကောင်းသည့်အတွက် လမ်းချော်သွားခဲ့ကာ ယာဉ်မောင်း၏ အမြင်အာရုံဝေဝါးခဲ့ခြင်းကြောင့် ထိုသို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံတွင် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ယာဉ်တိုက်မှု ၉,၈၂၀ မှုဖြစ်ပွားခဲ့ပြီး လူ ၄,၄၆၇ ဦး သေဆုံးခဲ့ကြောင်း၊ လူ ၂,၇၉၄ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ၄,၆၇၆ ဦးမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံး၏ ပြောကြားချက်အရ သိရသည်။ (Xinhua)