Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသတွင် ပြိုင်ဘက်အုပ်စုများအကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၆ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မှုခင်းဖြစ်ပွားရာနေရာအား လုံခြုံရေးစည်းတားထားသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒါကာ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ Bandarban, Rangamati နှင့် Khagrachari တောင်ကြားခရိုင် သုံးခုပေါင်းဆုံသော စစ်တကောင်း (Chittagong) တောင်ကုန်းနယ်မြေများတွင် သြဂုတ်လ ၁၈ ရက်က နိုင်ငံရေးပါတီတစ်ခု၏ ပြိုင်ဘက်အုပ်စု နှစ်ခုအကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဒေသခံနိုင်ငံရေးခေါင်းဆောင်တစ်ဦး အပါအဝင် လူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Khagrachari ခရိုင်မြို့၏ Shonirbhor Bazar နယ်မြေတွင် ဒေသစံတော်ချိန် နံနက် ၈း၃၀ နာရီဝန်းကျင်က တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Khagrachari ခရိုင်ရဲချုပ် Ali Ahmed Khan က ဆင်ဟွာသို့ တယ်လီဖုန်းကတစ်ဆင့် ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် United People’s Democratic Front (UPDF) မှ ပြိုင်ဘက် အုပ်စုနှစ်ခုအကြား ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ပါတီသည် စစ်တကောင်း တောင်ကုန်းနယ်မြေများ၌ အခြေပြုသည့် ဒေသခံ နိုင်ငံရေးပါတီတစ်ခုဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၆ ယောက်ထဲမှ တစ်ယောက်က UPDF ခေါင်းဆောင်တစ်ယောက် ဖြစ်ကြောင်းမှလွဲ၍ အခြားသတင်းအချက်အလက်များအား ချက်ချင်းမထုတ်ပြန်နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.