Connect with us

Asia

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် အီမရန်ခန်းက ကျမ်းသစ္စာကျိန်ဆို

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ဖြစ်လာသည့် အီမရန်ခန်းအား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ခရစ်ကတ်ကစားသမားဘဝမှ နိုင်ငံရေးဘက်ကူးပြောင်းလာသူ အီမရန်ခန်း (Imran Khan) သည် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် သြဂုတ်လ ၁၈ ရက် နံနက်ပိုင်းက ကျမ်းသစ္စာကျိန်ဆိုလိုက်ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ၏ ၂၂ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် အီမရန်ခန်းကို သမ္မတ Mamnoon Hussain က ကျမ်းကျိန်ချက်ပေးအပ်ခဲ့သည်။ ယာယီ ဝန်ကြီးချုပ် Nasir ul Mulk လည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ယင်း အခမ်းအနားသို့ သံတမန်များ၊ ဝန်ကြီးများ၊ ဥပဒေပညာရှင်များနှင့် အခြား နိုင်ငံရေးခေါင်းဆောင်များ၊ စစ်ဘက်နှင့် အရပ်ဘက် အရာရှိများနှင့် ဂုဏ်သရေရှိလူကြီးများ တက်ရောက်ခဲ့ကြသည်။

အီမရန်ခန်းသည် ရွေးကောက်ပွဲအတွင်း ထောက်ခံမဲ ၁၇၆ မဲနှင့် ကန့်ကွက်မဲ ၉၆ မဲရရှိကာ ၎င်း၏ တစ်ဦးတည်းသော ပြိုင်ဘက် အတိုက်အခံ Pakistan Muslim Leagur-Sharif (PML-N) မှ Shehbaz Sharif အား အနိုင်ရရှိခဲ့သည်။

ခန်း၏ Pakistan Tehreek-e-Insaf သို့မဟုတ် Movement for Justice ပါတီသည် ဇူလိုင်လ ၂၅ ရက်က ပြုလုပ်ခဲ့သည့် ပါလီမန် ရွေးကောက်ပွဲများတွင် အကြီးဆုံး တစ်ခုတည်းသောပါတီအဖြစ် ပေါ်ထွက်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.