Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းအနီးပင်လယ်ပြင်တွင် ပြင်းအား ၇ အဆင့် ရှိ အင်အားပြင်းငလျင်လှုပ်ခတ်

အင်ဒိုနီးရှား East Lombok တွင် ယခင်က လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ပျက်စီးနေသည့် နေအိမ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ West Nusa Tenggaraပြည်နယ် Lombok ကျွန်းအနီးပင်လယ်ပြင်တွင် သြဂုတ် ၁၉ ရက် ညပိုင်းက ပြင်းအား ၇ အဆင့် ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ လက်ရှိတွင် သေဆုံး ဒဏ်ရာရသူနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းကို ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါငလျင်မှာ ဒေသစံတော်ချိန် ၂၁ နာရီ ၅၆ မိနစ်က West Nusa Tenggaraပြည်နယ် East Lombokခရိုင် အရှေ့မြောက်ဘက် ပင်လယ်ပြင်အောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ ခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား မိုးဇလနှင့်ဘူမိရူပအေဂျင်စီ၏ သတင်းများအရသိရသည်။ အင်ဒိုနီးရှား ငလျင်တိုင်းတာရေးဌာနက ယခုတစ်ကြိမ်လှုပ်ခတ်သည့်ငလျင်နှင့်စပ်လျဉ်း၍ ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိသေးပါ။

အမေရိကန်ဘူမိတိုင်းတာရေးဌာန(USGS)၏ တိုင်းတာချက်များအရ ယခုလှုပ်ခတ်သည့်ငလျင်မှာ ပြင်းအား ၆.၉ အဆင့်ရှိပြီး ငလျင် ဗဟိုချက်မှာမြေပြင်အောက်အနက် ၂၀.၃ ကီလိုမီတာ ရှိကြောင်း သိရသည်။Lombok ကျွန်းအနီးတဝိုက်ရှိ ဒေသများတွင် ငလျင်လှုပ်ခတ်သည်ဟု ခံစားရကြောင်း ၊ ဘာလီကျွန်း တွင် လှုပ်ခတ်မှုမှည ပိုမို ပြင်းထန်သဖြင့် ခရီးသွားများ နေအိမ်အဆောက်အအုံများမှ ပြေးဆင်းလာရ ကြောင်း ၊ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်များလည်း လှုပ်ခတ်ခဲ့ကြောင်း ၊ လက်ရှိ Lombok ကျွန်းတွင် လျှပ်စစ်နှင့်ဆက်သွယ်ရေးများ ပြတ်တောက်လျက်ရှိကြောင်း အင်ဒိုနီးရှား ဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ Sutopoက ယင်းနေ့ညပိုင်းတွင် လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။

Lombok ကျွန်းမြောက်ပိုင်းတွင် သြဂုတ် ၁၉ ရက် မနက်ပိုင်းကလည်း ပြင်းအား ၆.၅အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း ၊ အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကာ အိမ်ခြေပေါင်း ၁၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာငလျင်ကြောတွင်တည်ရှိရာ နှစ်စဉ် ငလျင်အကြိမ်ပေါင်းများစွာ လှုပ်ခတ်လေ့ရှိကြောင်း သိရသည်။ ယခုလ ၅ ရက်က Lombok ကျွန်းလှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ အဆင့် ရှိ ငလျင်ကြောင့် လူ ၄၃၆ ဦး သေဆုံးခဲ့ကြောင်းသိရသည်။ (Xinhua)