Asia
ဘရူနိုင်းနိုင်ငံ ပင်လယ်ဖြတ်ကျော် တံတားစီမံကိန်းတွင် မတော်တဆမှုကြောင့် လူ ၃ဦးသေဆုံး

ဘန်ဒါစရီဘီဂါဝမ်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
ဘရူနိုင်းနိုင်ငံ ၏ အကြီးဆုံးသော ပင်လယ်ဖြတ်ကျော် တံတားစီမံကိန်း ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုတွင် သြဂုတ် ၂၇ ရက်က မတော်တဆမှုဖြစ်ပွားခဲ့ရာ နိုင်ငံခြားသားအလုပ်သမား ၃ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဘရူနိုင်းနိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန က ထုတ်ပြန်ချက်အရ ဘန်ဒါစရီဘီဂါဝမ်မြို့ နှင့် Temburong ခရိုင်ကို ဆက်သွယ်ပေးထားသော Temburong တံတားစီမံကိန်း တွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
ယင်းဆောက်လုပ်ရေးလုပ်ငန်းခွင် ၌ လုပ်ငန်းများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း ခေတ္တရပ်နားထားကြောင်း သိရသည်။
Temburong တံတားစီမံကိန်း သည် ၂၀၁၉ခုနှစ်တွင်ပြီးဆုံးမည်ဟုခန့်မှန်းရကြောင်း သိရသည်။ (Xinhua)